DVB Logo
Home
မြန်မာသတင်း
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ကျေးရွာချေးငွေစိစစ်ရေးအတွင်းရေးမှူးကို ငွေလိမ်လည်မှုဖြင့် အမှုဖွင့်
DVB
·
February 27, 2020
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ကျေးရွာချေးငွေစိစစ်ရေးအတွင်းရေးမှူးကို ငွေလိမ်လည်မှုဖြင့် အမှုဖွင့်
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ကျေးရွာအုပ်စု ချေးငွေစိစစ်ရေး အတွင်းရေးမှူးတဦးကို ကျပ်သိန်း ၂၁၀ ကျော် ငွေအလွဲသုံးစားပြု လိမ်လည်မှုနဲ့ ဖေဖော်ဝါရီ ၂၅ ရက်က အမှုဖွင့်ထားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ညောင်ဦးဖီးကျေးရွာအုပ်စု ချေးငွေစိစစ်ရေး အတွင်းရေးမှူး ဦးအေးကြူဟာ ၂၀၁၈ ခုနှစ် မိုးစပါးအတွက် ချေးငွေထုတ်ချေးရာ ညောင်ဦးဖီးရွာ တောင်သူ ဦးမြင့်ဦးအပါအဝင် ၁၁ ဦးတို့ရဲ့ လက်မှတ်အတုများရေးထိုးပြီး ငွေကျပ်သိန်း ၁၃၀ ကျော်ကို တောင်သူတွေကို မပေးဘဲ ထုတ်ယူသုံးစွဲခဲ့တာပါ။

ဒါ့အပြင် ဦးအေးကြူဟာ ၂၀၁၈ ခုနှစ်မှာပဲ ညောင်ဦးဖီးရွာနေ တောင်သူ ဦးပေါတာ အပါအဝင် ၁၂ ဦးရဲ့ မိုးစပါးထုတ်ချေးငွေ ပြန်လည်ပေးဆပ်ထားတဲ့ ငွေကျပ်သိန်း ၈၀ ကျော်ကိုလည်း ဘဏ်သို့ မပေးသွင်းဘဲ သုံးစွဲခဲ့တာဖြစ်ပြီး စုစုပေါင်းငွေကျပ် သိန်း ၂၁၀ ကျော်  သုံးစွဲလိုက်တာကြောင့် ဝမ်းတွင်းမြို့မရဲစခန်းမှာ မြို့နယ်မန်နေဂျာက တရားလိုပြုလုပ် အမှုဖွင့်တာ ဖြစ်ပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်ဌေးဝင်းက "အမှုဖွင့်ထားပါတယ်။ ပုဒ်မကတော့ မသိသေးပါဘူး။ လက်မှတ်အတုထိုးထုတ်တာက သိန်း ၁၀၀ ကျော် တောင်သူ ပေးသွင်းငွေ မဆပ်တာက သိန်း ၈၀ ကျော်ပါ" လို့ ပြောပါတယ်။

ညောင်ဦးဖီးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဆင့်က "စိုက်ဘဏ်ငွေနဲ့ ပတ်သက်ပြီး အမှုဖွင့် လိုက်တာ ကြားပါတယ်။ ဘဏ်ပိုက်ဆံရော၊ တောင်သူပိုက်ဆံရော ၂ ခုလုံး ပြန်မဆပ်နိုင်တော့ဘဲ သုံးပစ်လိုက်တာက အမှုဖွင့်ခံရတာပါ" လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးတင်ဝင်းက "ဟုတ်ပါတယ်။ မြန်မာ့လယ်ဖွံ့ဖြိုးရေး ဘဏ် မြို့နယ်မန်နေဂျာက တရားလိုလုပ်ပြီး အမှုလာဖွင့်ပါတယ်။ အမြန်ဆုံးဖမ်းဆီးပြီး တရားစွဲဆို သွားမှာပါ" လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းမှာ ဦးအေးကြူကို လိမ်လည်မှု/လက်ရေး လက်မှတ်အတုရေးထိုးမှု ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013