DVB Logo
Home
မှုခင်း/မူးယစ်ဆေး
သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းသည့်ယာဉ်များကို ရေဒါဖြင့် ဖမ်းဆီးတော့မည်
DVB
·
March 12, 2013
သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းသည့်ယာဉ်များကို ရေဒါဖြင့် ဖမ်းဆီးတော့မည်
Donate to DVB

ရန်ကုန်-မန္တလေး ကွန်ကရစ် အမြန်လမ်းမကြီးပေါ်မှာ သတ်မှတ်မိုင်နှုန်း တနာရီ ကီလို ၁၀၀ အထက် မောင်းတဲ့ ယာဉ်တွေကို လာမယ့် ဧပြီ ၁ ရက်ကစပြီး ရေဒါစက်တွေနဲ့ စောင့်ကြည့် အရေးယူတော့မယ်လို့ အမြန်လမ်းရဲအရာရှိကြီးက ပြောပါတယ်။

အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး ၂၀၁ မိုင်စခန်းမှာ န့ ကျင်းပတဲ့ သတင်းသတင်းစာရှင်လင်းပွဲမှာ အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းက ရှင်းလင်းပြောဆိုခဲ့တာလို့ သတင်းထောက်တဦးက ပြောပါတယ်။

ဒီအမြန်လမ်းမကြီးပေါ်မှာ ဖြစ်တဲ့ ယာဉ်မတော်မဆမှုတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းကြတာကြောင့်လို့လည်း ရဲမှူးကြီးက ရှင်းပါတယ်။

စက်ကိရိယာ တစုံကို အမေရိကန်ဒေါ်လာ ၇ သောင်း တန်ကြေးရှိတဲ့ REDFLEX TRAFFIC RADAR နှစ်လုံးကို အတည်တကျမထားဘဲ ရန်ကုန်-မန္တလေး လမ်းတကြော စုန်ချည်ဆန်ချည် ရွေ့လျား (မိုဘိုင်း) သွားလာပြီး မှတ်တမ်းတင် အရေးယူသွားမယ်လို့ ဆိုပါတယ်။

ကနေဒါနိုင်င်လုပ် ဒီကိရိယာကို လွန်ခဲ့တဲ့လပိုင်းတွေက စမ်းသပ်ခဲ့ရာမှာ အရှိန်ပိုယာဉ် ထောင်ကျော် ဖမ်းဆီးရမိပြီး အများစုက အိမ်သုံးယာဉ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/CAR MEETING/]

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013