DVB Logo
Home
မြန်မာသတင်း
မေသန်းနု၏အမှုအတွက် ညှိနှိုင်းမရသဖြင့်  ဥပဒေအရဖြေရှင်းမည်ဟု စင်ရော်မောင်မောင်ပြော
DVB
·
February 26, 2020
မေသန်းနု၏အမှုအတွက် ညှိနှိုင်းမရသဖြင့်  ဥပဒေအရဖြေရှင်းမည်ဟု စင်ရော်မောင်မောင်ပြော
Donate to DVB

ရုပ်ရှင်သရုပ်ဆောင်မေသန်းနုရဲ့ အမှုအတွက် ငွေရေးကြေးရေးညှိနှိုင်းခဲ့ရာမှာ ညှိနှိုင်းမရတော့တဲ့အတွက် ဥပဒေအရဖြေရှင်းသွားမှာဖြစ်တယ်လို့ ခင်ပွန်းဟောင်းဖြစ်သူ စင်ရော်မောင်မောင်က ပြောပါတယ်။

သရုပ်ဆောင် ဒေါ်သန်းသန်းဆင့်(ခ)မေသန်းနုကို ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀နဲ့ ရန်ကင်းမြို့နယ်တရားရုံးက ဇန်နဝါရီ  ၂ ရက်နေ့က ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ်ထားပါတယ်။

ခင်ပွန်းဟောင်းဖြစ်သူ စင်ရော်မောင်မောင်ကတော့ သရုပ်ဆောင်မေသန်းနုအမှုအတွက် တရားလိုဘက်ကို ငွေရေးကြေးရေးညှိနှိုင်းခဲ့ရာမှာ ညှိနှိုင်းမရတော့တဲ့အတွက် ဥပဒေအရဖြေရှင်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့သရုပ်ဆောင်မေသန်းနုကို နောက်တိုးအမှုအဖြစ် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာလည်း တရားစွဲဆိုထားပါတယ်။ 

နောက်တိုးအမှုအဖြစ်စွဲဆိုတဲ့အမှုကို ရက်ပေါင်း ၂၇၀ အတွင်း အပြီးသတ် အမိန့်ချမှတ်မှာဖြစ်ပြီး တရားလိုဒေါ်စန်းစန်းမြင့်ရဲ့  လှည်းတန်းရှိ နေအိမ်ကို ၂၀၁၄ ခုနှစ်မှာ အပေါင်ပေးခဲ့ပြီးတာ ၂၀၁၆ မှာ အိမ်အပေါင်ဆုံးခဲ့တာကြောင့် သရုပ်ဆောင် ဒေါ်သန်းသန်းဆင့် (ခ) မေသန်းနုကို နောက်တိုး တရားခံအဖြစ် တရားစွဲဆိုခဲ့တာပါ။

ပုဒ်မ ၄၂၀ နဲ့ သရုပ်ဆောင်မေသန်းနုကို တရားစွဲဆွဲထားတဲ့အမှုကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ကျေအေးဖို့ရှိမရှိ မေးမြန်းရာမှာတော့ နှစ်ဖက်စလုံးက ကျေအေးမပေးဘူးလို့ ပြောဆိုထားပါတယ်။ 

ကြိုတင်အပြီးသတ်ညှိနှိုင်းမှုအတွက် လာမယ့်ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013