DVB Logo
Home
မြန်မာသတင်း
နယူးဒေလီမြို့ ဆန္ဒပြပဋိပက္ခအတွင်း လူ၁၀ ဦးသေဆုံး၊ ၁၅၀ ခန့် ဒဏ်ရာရ
DVB
·
February 26, 2020
နယူးဒေလီမြို့ ဆန္ဒပြပဋိပက္ခအတွင်း လူ၁၀ ဦးသေဆုံး၊ ၁၅၀ ခန့် ဒဏ်ရာရ
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လာရောက်လည်ပတ်တဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဖေဖော်ဝါရီ ၂၅ ရက်က ဆန့်ကျင်ဘက် ဆန္ဒပြအုပ်စု နှစ်ခုအကြား တိုက်ခိုက်တာတွေရှိခဲ့ပြီး  ၁၀ ယောက် သေဆုံးကာ ၁၅၀ လောက် ဒဏ်ရာရပါတယ်။ 

မြို့တော် နယူးဒေလီမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခဟာ အိန္ဒိယနိုင်ငံသား ဥပဒေသစ် ပြဋ္ဌာန်းလို့  ဖြစ်ခဲ့တဲ့ မငြိမ်သက်မှုနောက်ပိုင်း အဆိုးရွားဆုံး ဖြစ်ပါတယ်။

ပဋိပက္ခဟာ သီတင်းပတ်ကုန်ရက်ကစခဲ့ပေမယ့် ဖေဖော်ဝါရီလ ၂၄ ရက်မှာ အသေအပျောက်တွေ ဖြစ်ခဲ့တာပါ။ အဲဒီနောက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ဒေလီမြို့ အရှေ့မြောက်ပိုင်းက နေရာ အတော်များများမှာ အကြမ်းဖက်မှု ထပ်မံပေါ်ပေါက်ခဲ့ပါတယ်။ 

အဲဒီနေရာဟာ အမေရိကန်သမ္မတထရမ့်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ဆွေးနွေးပွဲ လုပ်ရာနေရာနဲ့ မိုင်အနည်းငယ်သာ ကွာဝေးပါတယ်။

အမေရိကန် သမ္မတ လာရောက်ချိန်မှာ ဖြစ်တဲ့ အကြမ်းဖက်မှုဟာ အိန္ဒိယကို ဂုဏ်သိက္ခာ ကျဆင်းအောင်လုပ်တဲ့ ကြံစည်မှုဖြစ်တယ်ဆိုပြီး အငယ်တန်း ပြည်ထဲရေးဝန်ကြီးက ANI သတင်းဌာနကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013