Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ၂ ဦး၏ဆွေးနွေးချက်အချို့ လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ခံရ 
DVB
·
February 26, 2020
87171874_2783748151712866_6270761073746378752_o
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဆွေးနွေးရာမှာ  ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ၂ ဦးရဲ့ ဆွေးနွေးမှု စကားရပ်တချို့ကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်လိုက်ပါတယ်။  ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ဖေဖေါ်ဝါရီ ၂၅ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးအတွင်း ကိုယ်စားလှယ် ၁၅ ဆွေးနွေးခဲ့ရာမှာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ၂ ဦးလည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။  ကြံ့ခိုင်ရေး ကိုယ်စားလှယ် ၂ ဦးဖြစ်တဲ့ ဦးစိုင်းသန်းနိုင်နဲ့ ဦးမောင်မြင့်တို့ရဲ့ ဆွေးနွေးမှုတွေ ထဲက စကားရပ်တချို့ကို ကန့်ကွက်မှုတွေရှိခဲ့ပြီး ဒီနေ့မှာတော့ လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက် သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်အစည်းအဝေး အတွင်း ပြောကြားလိုက်ပါတယ်။ “ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉ ၊ နည်းဥပဒေ (င) နဲ့ မညီညွတ်ကြောင်း စိစစ်တွေ့ရှိတဲ့အတွက် တင်ပြပါဆွေးနွေးချက်များကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်မည့်အပြင် အစည်းအဝေးအတွင်း လိုက်နာရမယ့် စည်းကမ်းများကိုလည်း လိုက်နာကြရန် သတိပေးကြေညာ ပါတယ်။ ” လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောပါတယ်။ ဦးစိုင်းသန်းနိုင်အနေနဲ့ မနေ့ကဆွေးနွေးရာမှာ ကျန်ရှိနေတဲ့သက်တမ်းကာလ အတွင်း ကတိတည်နိုင်အောင် အဆောတလျင် ပြင်ဆင်ရေး ဆောင်ရွက်နေတယ်လို့ ပါဝင်ခဲ့သလို ဦးမောင်မြင့်အနေနဲ့လည်း အသက် ၇၀ ကျော် သူငယ်ပြန်တတ်တဲ့ အရွယ်တွေ နိုင်ငံကို အုပ်ချုပ်နေတယ်ဆိုတဲ့ စကားရပ်တွေပါဝင်ခဲ့တာကြောင့် အန်အယ်လ်ဒီကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့တာပါ။ ဒီနေ့ ဖေဖေါ်ဝါရီ ၂၆ ရက်မှာ ပြုလုပ်တဲ့ အစည်းအဝေးအတွင်းမှာလည်း ကြံ့ခိုင်ရေးပါတီက ဦးတင်အေးရဲ့ ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီက ဦးအောင်ကြည်ညွန့်က ကန့်ကွက်ခဲ့ပါသေးတယ်။ ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024