DVB Logo
Home
မြန်မာသတင်း
မြန်မာ့တပ်မတော်က တရုတ်ပြည်သူများအတွက် ဒေါ်လာ ၃ သိန်းဖိုး ဆေးစ္စည်းများပေးပို့လှူဒါန်း  
DVB
·
February 26, 2020
မြန်မာ့တပ်မတော်က တရုတ်ပြည်သူများအတွက် ဒေါ်လာ ၃ သိန်းဖိုး ဆေးစ္စည်းများပေးပို့လှူဒါန်း  
1 / 6
Donate to DVB

တရုတ်နိုင်ငံတဝန်းမှာ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်ရောဂါ (COVID-19) တိုက်ဖျက်ရေးလုပ်ငန်းတွေ အောင်မြင်စေဖို့  မြန်မာ့တပ်မတော်က ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ အမေရိကန်ဒေါ်လာ ၃ သိန်းကျော်ဖိုး တရုတ်နိုင်ငံထံ လေယာဉ်နဲ့ ပေးပို့လှူဒါန်းလိုက်ပါတယ်။

တရုတ်ပြည်သူတွေအတွက် မြန်မာ့တပ်မတော်က ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ဖေဖော်ဝါရီ ၂၅ မနက်ပိုင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း ဦးဆောင်ပြီး တပ်မတော် လေယာဉ်နဲ့  တရုတ်နိုင်ငံ ကူမင်းမြို့ကို သွားရောက်ပေးပို့လှူဒါန်းခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ 

လှူဒါန်းတဲ့ ပစ္စည်းတွေထဲမှာ အမေရိကန်ဒေါ်လာ ၃ သိန်းကျော်တန်ဖိုးရှိ Surgical Masks (2 Ply) ၉၀၀၀၀ ခု Type-N 95(SM Particulate Respirator Masks) ၉၀၀၀၀ ခု၊ SaFety Goggles ၉၀၀၀၀ ခု စတဲ့ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ပါဝင်တယ်လို့ တပ်မတော် သတင်းမှာဖော်ပြပါတယ်။

ခုလိုမြန်မာ့တပ်မတော်က တရုတ်နိုင်ငံအတွက် ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို လေတပ်လေယာဉ်နဲ့ ပို့ဆောင်ပေးတဲ့အပေါ် ကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ချန်းဟိုင်က မနေ့က နေပြည်တော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ်မှာ ပြောပါတယ်။ 

ခုလိုကူညီတာဟာ နှစ်နိုင်ငံ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို အပြည့်အဝထင်ဟပ်နေပြီး တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်းရဲ့ အနှစ်သာရကို အသက်ဝင်စွာ အဓိပ္ပါယ်ဖွင့်ဆိုခြင်းဖြစ်တယ်၊    တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့အတူ ရောဂါတိုက်ဖျက်ရေးနဲ့ နှစ်ဖက် ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေကို ဘက်ပေါင်းစုံမှ စီမံခန့်ခွဲဖော်ဆောင်သွားမယ်လို့လည်း တရုတ်သံမတ်ကပြောပါတယ်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသည်ဟု စတင် ကြားသိရကတည်းက စိတ်မကောင်းဖြစ်မိပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့အတွက် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြန်အလှန်ဖေးမကူညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့လှူဒါန်းတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေဟာ ပမာဏအားဖြင့် မများသော်လည်း တရုတ်ပြည်သူတွေအတွက် အသက် အန္တရာယ်ကာကွယ်ရာမှာ အထောက်အကူဖြစ်စေနိုင်ဖို့ ရည်ရွယ်ပါကြောင်း၊ အခုလို အခက်အခဲကြုံတွေ့ နေချိန် ကူညီခွင့်ရတဲ့အတွက်  ဝမ်းမြောက်ပါကြောင်း‌ပြောပါတယ်။ 

တရုတ်နိုင်ငံမှာ  ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူပေါင်း ဒီကနေ့မနက်အထိ ၇၈၀၀၀ ကျော်ရှိသွားပြီဖြစ်ပြီး သေဆုံးသူ ၂၇၁၅ ဦးနဲ့ ပြန်ကောင်းလာသူ ၃၀၀၀၀ နီးပါးရှိနေပြီဖြစ်ပါတယ်။

ဓာတ်ပုံ- CINCDS 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013