DVB Logo
Home
Lead Story
နိဗ္ဗာန်မဟုတ်တဲ့ နိဗ္ဗာန်ရွာက အမျိုးသမီးများ
DVB
·
February 25, 2020
နိဗ္ဗာန်မဟုတ်တဲ့ နိဗ္ဗာန်ရွာက အမျိုးသမီးများ
Donate to DVB

ဟင်္သာတမြို့နဲ့ မနီးမဝေးမှာရှိတဲ့ နိဗ္ဗာန်ကျေးရွာအုပ်စုက အမျိုးသမီးအများစုဟာ နေ့စားအလုပ်တွေနဲ့  အဓိက အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။

စက်မှုလယ်ယာစိုက်ပျိုးရေးစနစ် မထွန်းကားမီကာလကတော့ လယ်ယာပိုင်ဆိုင်မှုမရှိကြတဲ့ အမျိုးသမီးတွေဟာ ကောက်စိုက်ခြင်း၊ ကောက်ရိတ်ခြင်း စတဲ့ နေ့စားအလုပ်တွေနဲ့ ဝမ်းရေးကို ဖြေရှင်းကြရပါတယ်။

စက်မှုလယ်ယာစနစ် ထွန်းကားပြီးနောက်ပိုင်း ငွေကြေးတတ်နိုင်သူ လယ်ပိုင်ရှင်တွေအနေနဲ့ စက်ယန္တရားတွေကို ပိုမိုအသုံးပြုလာတဲ့အခါမှာတော့ နေ့စားအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုသူ အမျိုးသမီးတွေ ဟာ အလုပ်လက်မဲ့တွေ ဖြစ်လာကြပါတယ်။

အချို့က ဟင်္သာတမြို့အပါအဝင် အခြားမြို့နယ်တွေမှာ သွားရောက်လုပ်ကိုင်ကြသလို အချို့ကတော့ လယ် ကွင်းအနီးအနားက အလေ့ကျပေါက်တဲ့ ဟင်းသီးဟင်းရွက်တွေကို ခူးရောင်းပြီး နေ့တဓူဝ စားဝတ်နေရေးကို ဖြေရှင်းကြပါတယ်။

မြွေဟောက်၊ မြွေပွေးတို့လို အဆိပ်ပြင်းတဲ့မြွေတွေ ပေါများတဲ့အတွက် ဟင်းသီး ဟင်းရွက်ရှာရင်း၊ လယ်တောထဲဆင်းရင်း ပိုးထိပြီး သေဆုံးသူတွေလည်း များတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံအမျိုးသမီးတွေကတော့ ရွာရဲ့မနီးမဝေးမှာ လုပ်ကိုင်စားသောက်နိုင်မယ့်  အလုပ်အကိုင်၊ အခွင့် အလမ်းတွေကို အစိုးရက ဖန်တီးပေးဖို့ မျှော်လင့်နေကြပါတယ်။



[caption id="attachment_4418" align="alignleft" width="552"] “ဒီရွာမှာ အရှားပါးဆုံးက အလုပ်အကိုင်ပဲ” လို့ ဒေသခံ အမျိုးသမီးတွေက ပြောကြပါတယ်။[/caption]



[caption id="attachment_4419" align="alignnone" width="552"] ဈေးရောင်းရန် ပြင်ဆင်နေသော ဒေသခံ အမျိုးသမီးတစ်ဦး[/caption]




[caption id="attachment_4420" align="alignleft" width="553"] အလေ့ကျပေါက်တဲ့ ဖလန်တောင်ဝှေးပင်၊ ကညွှတ်ပင်နဲ့ ကန်စွန်း စတဲ့ ဟင်းသီးဟင်းရွက်တွေကို ခူးရောင်းကြပါတယ်။[/caption]



[caption id="attachment_4421" align="alignnone" width="552"] ရွာတွင် စိုက်ထူထားသော ဆိုင်းဘုတ်[/caption]




[caption id="attachment_4424" align="alignnone" width="554"] မနက်စာအတွက် ချက်ပြုတ်နေသော ဒေသခံ အမျိုးသမီး[/caption]




[caption id="attachment_4422" align="alignnone" width="553"] “ဒီရွာမှာ အရှားပါးဆုံးက အလုပ်အကိုင်ပဲ” လို့ ဒေသခံအမျိုးသမီးတွေက ပြောပါတယ်။[/caption]



[caption id="attachment_4423" align="alignnone" width="555"] အလေ့ကျပေါက်သော ဟင်းသီးဟင်းရွက်များခူးနေသော ဒေသခံ အမျိုးသမီးတဦး[/caption]



[caption id="attachment_4425" align="alignleft" width="557"] အလေ့ကျပေါက်သော ဟင်းသီးဟင်းရွက်များခူးနေသော ဒေသခံ အမျိုးသမီးတဦး[/caption]

 

 

 

 

 

 

 

 

 

 

 

 



(hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013