DVB Logo
Home
မြန်မာသတင်း
တပ်မတော်ကိုရန်လိုချင်စိတ်ဖြင့် ဖွဲ့စည်းပုံပြင်ဆင်ခြင်းမဟုတ်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
February 25, 2020
တပ်မတော်ကိုရန်လိုချင်စိတ်ဖြင့် ဖွဲ့စည်းပုံပြင်ဆင်ခြင်းမဟုတ်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
Donate to DVB

ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်တာဟာ တပ်မတော်ကို ရန်လိုချင်တဲ့စိတ်နဲ့လုပ်တာမဟုတ်ဘဲ စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုက်ညီအောင်ပြောင်းလဲရမယ်ဆိုတဲ့ ခံယူချက်နဲ့ လုပ်တာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ 

ဖေဖော်ဝါရီ ၂၄ ရက်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒေသခံ တိုင်းရင်းသား ပြည်သူလူထုတွေ့နဲ့တွေ့ဆုံပွဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ မေးမြန်းချက်တွေကို ဖြေကြားသွားတာဖြစ်ပါတယ်။

“လက်ရှိအချိန်အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ကျမတို့ လွှတ်တော်ထဲမှာ တင်ပြလိုတဲ့ကိစ္စလည်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးရှင်းပြဖို့ ကျမဝန်မလေးပါဘူး။ ဒါကို ကျမတို့က တပ်မတော်ကို ကပ်ချင်တဲ့စိတ်၊ ရန်လိုချင်တဲ့စိတ်နဲ့လုပ်တာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုနဲ့ ကိုက်ညီအောင်ပြောင်းလဲရမယ်ဆိုပြီး ကျမတို့ အဲဒီလို ခံယူချက်နဲ့ လုပ်တာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အထဲမှာ ကျမတို့က နိုင်ငံရဲ့တည်ငြိမ်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီး တဆင့်ပြီးတဆင့်လုပ်သွားမယ်ဆိုပြီး လုပ်တာပါ။ လက်ရှိမှာ ၂၅ ရာခိုင်နှုန်းနဲ့ ပတ်သက်ပြီး တဆင့်တဆင့်လျော့ဖို့ ကျမတို့နေနဲ့အ ဆိုပြုတာပဲရှိပါတယ်။ ကျမတို့ ဒီမိုကရေစီနိုင်ငံရေးလုပ်တယ်ဆိုရင် အလျော့အတင်းဆိုတာရှိရမယ်။”   

ဒီမိုကရေစီစနစ်ကိုတကယ်ကျင့်သုံးတဲ့နိုင်ငံမှာ ပြည်သူလူထုကရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်မဟုတ်တဲ့ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေက လွှတ်တော်ကို လွှမ်းမိုးနိုင်ခွင့်မရှိဘူးလို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“ဒီမိုကရေစီဆိုတာ ပြည်သူကနေပြီးအုပ်ချုပ်တဲ့စနစ် ပြည်သူရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေကသာ စိုးမိုးရမယ်၊ ဩဇာရှိရမယ်။ ပြည်သူရွေးချယ်တင်မြှောက်ခြင်းမရှိတဲ့ ကိုယ်စားလှယ်တွေ မပါဘူးလားဆိုတော့ ပါနိုင်ပါတယ်။ သို့သော်သူတို့ရဲ့လုပ်ပိုင်ခွင့်တွေက အကန့်အသတ်နဲ့ပါ။ ကျမတို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲဒီလို လိုအပ်တဲ့ အကန့်အသက်တွေမရှိပါဘူး။ ဒါကြောင့် ဒီကိစ္စကိုပြောင်းရမယ်လို့ကျမတို့ပြောတာပါ။ ကျမတို့  တို့ကတပ်မတော်ကို ရည်ရွယ်တာမဟုတ်ပါဘူး။ တခြားအဖွဲ့အစည်းတွေကိုလည်း ဒီလိုအခွင့်အရေးပေးရင် ကျမတို့ကန့်ကွက်မှာပါ။ ဘယ်အဖွဲ့အစည်းမဆိုဒီမိုကရေစီကို ယုံကြည်လို့ရှိရင်ဒီမိုကရေစီမူတွေနဲ့ မကိုက်ညီတဲ့အခွင့်အရေးတွေကိုမယူသင့်ပါဘူး။ ဒါတွေကို ကျမတို့ ကန့်ကွက်မှာဖြစ်ပါတယ်။”

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးလည်း  အခြေခံဒီမိုကရေစီမူနဲ့မကိုက်ညီလို့ ကန့်ကွက်တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဖြေကြားသွားပါတယ်။

“၅၉(စ)ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကန့်ကွက်ခဲ့တာက ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘူး ဒီမိုကရေစီမူအရပါ။ ဒီမိုကရေစီမူအရဆိုတာ လူတိုင်းလူတိုင်း၊ တယောက်ချင်း တယောက်ချင်းရဲ့ ရပိုင်ခွင့်တန်ဖိုးနဲ့အခွင့်အရေးတွေကို ကျမတို့အလေးထားရမယ်။ တန်းတူညီမျှ ထားရမယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ကျမတို့ရဲ့ အခြေခံဥပဒေတွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောတာမဟုတ်ပါဘူး။ ကျမတို့ကျင့်သုံးနေတဲ့ တည်ဆဲဥပဒေထဲမှာ လူတစ်ယောက်ဟာအသက် ၁၈နှစ်ကျော်သွားရင်လူလားမြောက်ပါပြီ။ လူလားမြောက်သွားလို့ရှိရ င်သူ့ရဲ့ကံကြမ္မာအတွက် သူကတာဝန်ယူရပါမယ်။ အသက်၁၈နှစ်အောက်က လေးတစ်ယောက်လုပ်တဲ့ ကိစ္စကို မိဘတွေကတာဝန်ယူရပါမယ်၊ တာဝန်ရှိပါတယ်။ ဒါပေမဲ့သူဟာ အသက်ပြည့်သွားလို့ရှိရင်မိဘတွေက တာဝန်မရှိတော့ပါဘူး။ မိဘတွေအနေနဲ့ ဒီကလေးတွေရဲ့ လုပ်ရပ်အတွက်ကိုတာဝန်ယူစရာလည်းမလိုပါဘူး။အဲဒီကလေးကပြဿနာဖြစ်လို့ရှိရင်မိဘတွေကိုဒီက လေးတွေကြောင့်ဆိုပြီး အပြစ်ပေးလို့လည်းမရပါဘူး။ ဒါကို ရှင်းရှင်းပြောရမယ်ဆိုရင်လူ လားမြောက်လာတဲ့ကလေးတွေရဲ့ဘဝနဲ့ မိဘရဲ့ဘဝနဲ့ဒွန်တွဲပြီး ဥပဒေတစ်ခုလုပ်တယ်ဆိုတာကအ ခြေခံစံနှုန်းစံထားတွေနဲ့ မကိုက်ညီပါဘူး။ ဒါကြောင့်အခြေခံဒီမိုကရေစီမူနဲ့မကိုက်ညီဘူးဆိုပြီး ကျမတို့ကကန့်ကွက်တာဖြစ်ပါတယ်။ ကျမကို ဦးတည်လို့မဟုတ်ပါဘူး။”

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ  ပုဒ်မ ၅၉(စ) ဟာ နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတတွေရဲ့ အရည်အချင်းသတ်မှတ်ချက် တခုဖြစ်ပြီး ဒီပုဒ်မမှာ မိမိသော်လည်းကောင်း ၊ မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ သားမက်နဲ့ချွေးမတွေဟာ နိုင်ငံခြားသား ဒါမှမဟုတ် နိုင်ငံခြားအစိုးရရဲ့ ကျေးဇူးသစ္စာခံ မဖြစ်ရဘူးလို့ သတ်မှတ်ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေချိန်မှာ  ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို လှည့်လည်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ဒေသခံတွေကို ရှင်းလင်း ပြောကြားလိုက်တာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013