DVB Logo
Home
မြန်မာသတင်း
လူထုဗဟိုပြုစီမံကိန်း လုပ်ဆောင်ရန် ငဖဲမြို့နယ် ပထမဦးစားပေး ရွေးချယ်ခံရ
DVB
·
February 24, 2020
လူထုဗဟိုပြုစီမံကိန်း လုပ်ဆောင်ရန် ငဖဲမြို့နယ် ပထမဦးစားပေး ရွေးချယ်ခံရ
1 / 2
Donate to DVB

မကွေးတိုင်းဒေသကြီးအတွင်း လူထုဗဟိုပြု စီမံကိန်းမြို့နယ် တမြို့နယ် ရွေးချယ်ရာမှာ ငဖဲမြို့နယ်က ပထမဦးစားပေးအနေနဲ့ ရရှိတယ်လို့ သိရပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုတိုးတက် ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်တဲ့ လူထုဗဟိုပြုစီမံကိန်းကို မကွေးတိုင်းဒေသကြီးအတွင်း တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်တမြို့နယ် ရွေးချယ်ရာမှာ ငဖဲမြို့နယ်က ပထမဦးစားပေးအနေနဲ့ ရရှိ​သွားတာ ဖြစ်ပါတယ်။

မကွေးမြို့ မြို့တော်ခန်းမမှာ မနေ့က လူထုဗဟိုပြု စီမံကိန်းမြို့နယ်ရွေးချယ်ရာမှာ စားပွဲဝိုင်း ဆယ်ဝိုင်း ဝိုင်းပြီး စားပွဲဝိုင်းတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ NGO ၊ INGO တွေနဲ့ ပြည်သူတွေက ဝိုင်းဝန်း​ဆွေးနွေးကာ ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေး ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။



လူထုဗဟိုပြု မြို့နယ် ရွေးချယ်ရာမှာ ဖွံ့ဖြိုးမှုအနည်းဆုံး မြို့နယ်တွေကို အဓိကထား ရွေးချယ်တာဖြစ်ပြီး ပထမဦးစားပေးအဖြစ် ငဖဲမြို့နယ်၊ ဒုတိယဦးစားပေးအဖြစ် နတ်မောက်မြို့နယ်နဲ့ တတိယဦးစားပေးအဖြစ် ဆင်ပေါင်ဝဲမြို့နယ်တွေကို ရွေးချယ်ခဲ့ကြတာပါ။

ရွေးချယ်ခံရတဲ့ မြို့နယ်တွေကို ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ လမ်းပန်းဆက်သွယ်ကောင်းမွန်ရေး စတဲ့လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပေးမှာဖြစ်ကြောင်း မကွေးတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာန တိုင်းလူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထိုက်ဇော်က ပြောပါတယ်။

လူထုဗဟိုပြုစီမံကိန်းရွေးချယ်ခံရတဲ့ မြို့နယ်တွေကို လေးနှစ်ဆက်တိုက် ထောက်ပံ့မှုတွေ ပြုလုပ်မှာဖြစ်ပြီး ရွေးချယ်ခံရတဲ့ မြို့နယ်ရဲ့ လူဦးရေ အနည်း အများအလိုက် ကျပ်သိန်း  ၂၄၀ ကနေ ကျပ်သိန်း ၁၂၀၀ အထိ ထောက်ပံ့ပေးကြောင်း သိရပါတယ်။

ငဖဲမြို့နယ် ဒေသခံ ကိုရန်အောင်ထွန်းက “ကျနော်တို့ဒေသကို လူထုဗဟိုပြုစီမံကိန်း ရတော့ အားရှိတာပေါ့၊ အရင်ကဆိုရင် ကိုယ့်ဒေသက တကယ်အခက်အခဲ ဖြစ်နေတဲ့ နေရာတွေဆို လူမှုအသင်းအဖွဲ့အနေနဲ့ ကိုယ့်စရိတ်ကိုယ်စားပြီး သွားနေရတာ” လို့ ပြောပါတယ်။

မကွေးတိုင်းဒေသကြီးမှာ လူထုဗဟိုပြုစီမံကိန်းအဖြစ် ဆော၊ စေတုတ္တရာ၊ ထီးလင်း ပေါက်၊ မင်းတုန်းမြို့နယ်တွေကိုလည်း ဆောင်ရွက်ပေးနေ​ပြီး အခုမြို့နယ် တမြို့နယ် ထပ်မံရွေးချယ်တာလို့ သိရပါတယ်။

တင်ရွှေ(မင်းဘူး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013