DVB Logo
Home
မြန်မာသတင်း

၂၀၂၁ ခုနှစ်တွင် မန္တလေးတိုင်းလုံးကျွတ် မီးလင်းအောင် ဆောင်ရွက်နေ 

DVB
·
February 24, 2020
၂၀၂၁ ခုနှစ်တွင် မန္တလေးတိုင်းလုံးကျွတ် မီးလင်းအောင် ဆောင်ရွက်နေ 
1 / 2
Donate to DVB

မန္တလေးတိုင်းဒေသကြီးအတွင်း လာမယ့် ၂၀၂၁ ခုနှစ်မှာ တိုင်းလုံးကျွတ် ကျေးရွာတွေ တခုမှမကျန် မီးလင်းအောင်ဆောင်ရွက်ထားတယ်လို့  မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောပါတယ်။ 

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကျင်းပတဲ့ စမုံချောင်းကူးတံတားသစ် ဖွင့်ပွဲမှာ ပြောကြားသွားတာပါ။

“ကျေးလက်ဒေသများ လျှပ်စစ်မီးလင်းရေးနဲ့ ပတ်သက်ပြီးတော့ ၂၀၃၀ မှာ တနိုင်ငံလုံး ရရှိရေး ရည်မှန်းချက် ထားရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးအနေဲ့ကတော့ လာမယ့် ၂၀၂၁ မှာ တိုင်းလုံးကျွတ် ကျေးရွာတွေ တခုမှမကျန် မီးလင်းအောင် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။ ၂၀၂၀ စက်တင်ဘာလကျရင် ဟောဒီ ဝမ်းတွင်းမြို့နယ်ဟာ ၁၀၀ ရာခိုင်နှုန်း မီးလင်းတဲ့ မြို့နယ် ဖြစ်ပါလိမ့်မယ်။ တရွာမှ မကျန်စေရပါဘူး”လို့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က  ပြောပါတယ်။

မြန်မာနိုင်ငံရဲ့လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကျေးလက်မှာ နေထိုင်ပြီး ကျေးလက် ပြည်သူတွေရဲ့ လူနေမှုဘဝ အဆင့်အတန်းမြင့်မားရေးအတွက်  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို လက်ရှိအစိုးရက တစိုက်မတ်မတ် ဆောင်ရွက်နေတယ်လို့ လည်းပြောပါတယ်။

ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က  “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဟာ စီမံခန့်ခွဲဖို့ ပြည်သူကရွေးချယ်လိုက်တဲ့ ၂၀၁၆-၁၇ ကစပြီး ဒါကို တစိုက်မတ်မတ် လုပ်လာပါတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးဖို့ဆိုတာ အချက် ၅ ချက်ပဲ ရှိပါတယ်။ လျှပ်စစ်တွေ သုံးစွဲနိုင်ရမယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းရမယ်။ သောက်ရေ သုံးရေ စိုက်ပျိုးရေ လုံလုံလောက်လောက် ရရမယ်။ သောက်ရေနဲ့ သုံးရေဟာ ကျန်းမာရေးနဲ့လျော်ညီတဲ့ သောက်ရေ သုံးရေဖြစ်ဖို့ လိုပါလိမ့်မယ်။ နောက် စာသင်ကျောင်းတွေ ရှိရမယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ လက်လှမ်းမီအောင် ဆောင်ရွက်ပေးနိုင်ရမယ်။ ဒီအချက် ၅ ချက်ကို ကျနော်တို့ရဲ့အတိုင်ပင်ခံ၊ ကျနော်တို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်းပဲ ၂၀၁၆ အစကတည်းက လမ်းညွှန်မှာကြားတဲ့အတွက် ကျနော်တို့ အစိုးရဟာ ဒါကို တစိုက်မတ်မတ် ဆောင်ရွက်လာတာ” လို့ ပြောပါတယ်။

ရိုးစုံကျေးရွာနဲ့ ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့ကို ဆက်သွယ်ထားတဲ့ စမုံချောင်းကူးတံတား အသစ်ရဲ့ အရှည် ပေ ၁၄၀၊ အကျယ် ၂၄ ပေ ရှိပြီး ကျေးရွာပေါင်း ၃၀ ကျော်က အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အမှတ်-၂ ခရိုင်ချင်းဆက်လမ်းနဲ့ ဆက်သွယ်တဲ့ အဓိကကျတဲ့ တံတားတစင်း ဖြစ်ပါတယ်။ စမုံချောင်းကူးတံတားအသစ်ဖွင့်ပွဲကိုတိုင်းအစိုးရအဖွဲ့တွေ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတွေ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံပြည်သူတွေ အားလုံး လူ ၂၀၀ ကျော် တက်ရောက်ပါတယ်။

အဲဒီနေ့မှာပဲ ဆူပန်းရွာတံတား၊ ဂုဏ်ရွာကျေးရွာ အထက်တန်းကျောင်းဖွင့်ပွဲ စတာတွေကိုလည်း ဖွင့်လှစ်ပေးသွားပါတယ်။



မောင်မောင်လင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013