မန္တလေးမြို့ ဘူတာကြီးအပေါ် Marvel Hotel မှာ ဖေဖော်ဝါရီ ၂၃ ရက်က ကျင်းပတဲ့ မန္တလေး JOBNATION အလုပ်အကိုင်ပြပွဲမှာ အလုပ်အကိုင်ပေါင်း ၁၀၀ ကျော် ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
ဒီပြပွဲမှာ မြန်မာနိုင်ငံရှိ ထိပ်တန်းကုမ္ပဏီပေါင်း ၂၅ ခု ကျော်ပါဝင်ခဲ့ပြီး မန္တလေးမြို့မှ အလုပ်အကိုင် အခွင့်အလမ်းတွေအပြင် ရန်ကုန်မြို့က အလုပ်အကိုင်အခွင့်အလမ်းတွေပါ ခေါ်ယူခဲ့တာပါ။
JOBNATION အလုပ်အကိုင်ပြပွဲကို အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ကဏ္ဍအသီးသီးမှ တိုးတက်လာနိုင်အောင်နဲ့ အသက်မွေးဝမ်းကြောင်း အပြောင်းအလဲလုပ်လိုတဲ့ လူတွေကို ကူညီနိုင်အောင် ရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။
သော်တာ










