DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်နှင့် ဆားလင်းကြီးတွင် လုပ်ငန်းရှင် ၃၅ ဦးကိုသာ မြစ်သဲကျောက်လုပ်ခွင့်ပေးထား
DVB
·
February 23, 2020
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြစ်သဲကျောက်လုပ်ငန်းအတွက် လုပ်ငန်းရှင် ၃၅ ဦးကိုသာ လိုင်စင်ထုတ်ပေးထားပြီး တရားမဝင် မြစ်သဲကျောက်နဲ့ အုတ်ထုတ်လုပ်ငန်းတွေမရှိအောင် ဘက်စုံစောင့်ကြပ်စိစစ်ရေးအဖွဲ့တွေနဲ့ လစဉ်စစ်ဆေးဆောင်ရွက်နေတယ်လို့ စီမံ/ဘဏ္ဍာဝန်ကြီးက ပြောပါတယ်။

အဲဒီဒေသတွေမှာ မြစ်သဲကျောက်ဂျင်းမြေ ထုတ်လုပ်နေတာနဲ့ပတ်သက်ပြီး အခွန်ရရှိမှု၊ လုပ်ငန်းလိုင်စင်ချထားပေးမှု အခြေအနေတွေကို ယင်းမာပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီက ဖေဖော်ဝါရီ ၂၁ ရက်နေ့ကကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော် ၂၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ မေးမြန်းခဲ့တာပါ။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးက အခွန်ရရှိမှုအနေအထား၊ လိုင်စင်ထုတ်ပေးထားမှုအခြေအနေတွေကို ပြန်လည်ဖြေကြားခဲ့တာပါ။

“မြစ်သဲကျောက်လိုင်စင်တွေကို တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေးပြီး သဘောထားထောက်ခံချက်နဲ့ ခွင့်ပြုပေးနေတယ်။ လမ်းခင်းကျောက်ကို တိုင်းအစိုးရက သတ်မှတ်အတည်ပြုပေးတဲ နေရာတွေမှာ သတ္တုတွင်းဥပဒေ ၂(င)ပါ စက်မှုတွင်းထွက် ကုန်ကြမ်းပစ္စည်းနှင့် ၂ (စ)ပါ အလှဆင်ကျောက်တို့နဲ့ ညိစွန်းမှု မရှိတာအပြင် အနာဂတ်စီမံကိန်းတွေနဲ့ လွတ်ကင်းရတယ်။ အဲဒါကိုတော့ သတ္တုတွင်း ဦးစီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတွေရဲ့ သဘောထားထောက်ခံံချက်တွေနဲ့ ချပေးနေတာပါ။ သဲတကျင်းကို ၅၀၀ ကျပ်၊ ကျောက်စရစ်နှင့် လမ်းခင်းကျောက်၊ ဂျင်းမြေ တကျင်းကို ၂၅၀၀ ကျပ်စည်းကြပ်ကောက်ခံနေပါတယ်။”

ဒီလုပ်ငန်းတွေနဲ့ပတ်သက်လို့ အခွန်အခတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ယူကောက်ခံနေတာဖြစ်ပါတယ်။ ၂၀၁၈-၁၉ ခုနှစ်အတွင်း ယင်းမာပင်မြို့နယ်မှာ သဲ၊ ကျောက်စရစ်၊ လမ်းခင်းကျောက်ထုတ်လုပ်ခွင်လိုင်စင် ၂၈ ခု ချထားပေးခဲပြီး အခွန်ငွေ ၁၆၆ သိန်းကျော် ရရှိခဲ့ကာ ဆားလင်းကြီးမြို့နယ်မှာတော့ လိုင်စင် ၃၁ ခုကနေ အခွန်ငွေ ၂၄၂ သိန်းကျော် ရရှိခဲ့ပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ယင်းမာပင်မြို့နယ်မှာ လုပ်ငန်းရှင် ၂၂ ဦးကို ခွင့်ပြုထားပြီး အခွန်ငွေ ကျပ်သိန်း ၁၂၀နှင့် ဆားလင်းကြီးမြို့နယ်က လုပ်ငန်းရှင် ၁၃ ဦးထံကနေ အခွန်ငွေ ၄၂ သိန်းကျော်ကို စည်းကြပ်ကောက်ခံထားတယ်လို့ သိရပါတယ်။ 

တရားမဝင် မြစ်သဲကျောက်နှင့် အုတ်ထုတ်လုပ်ငန်းတွေမရှိအောင်လည်း ဘက်စုံစောင့်ကြပ်စိစစ်ရေးအဖွဲ့တွေနဲ့ လစဉ်စစ်ဆေးဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013