DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ယုဝတီခရစ်ယာန်အသင်း နှစ် ၄၀ ပြည့် ကျင်းပ (ဓာတ်ပုံ)
DVB
·
February 22, 2020
Donate to DVB

ရန်ကုန်ယုဝတီခရစ်ယာန်အသင်းရဲ့ နှစ် ၄၀ ပြည့် ပတ္တမြားရတု “ဆန်းသစ်တီထွင်၊ ပန်းအလှဆင်” ပန်းအလှဆင်ပြပွဲ၊ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက်က ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးစျေးလမ်းမှာရှိတဲ့ YWCA ခန်းမမှာ ကျင်းပခဲ့ပါတယ်။

အမျိုးသမီးတွေရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့အပိုင်းမှာ ပန်းအလှဆင်တဲ့ လုပ်ငန်းလည်း ပါဝင်တာကြောင့် အခုလို ပန်းအလှပြိုင်ပွဲကို ကျင်းပတာလို့ ရန်ကုန်ဝတီခရစ်ယာန်အသင်းရဲ့ ဒါရိုက်တာက ပြောပါတာယ်။

ဒီပြိုင်ပွဲကို ၁၉၈၀ ပြည့်နှစ်မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး အခုကျင်းပတဲ့ ပန်းအလှဆင် ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် ၁၀ ယောက်က ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမဆု၊ ဒုတိယဆုနဲ့ တတိယဆုအပါအဝင် နှစ်သိမ့်ဆုတွေပါ ချီးမြှင့်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် YWCA အသင်းကို ၁၉၀၀ ပြည့်နှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး လူမျိုး၊ ဘာသာ၊ စရိုက်မခွဲခြားဘဲ လူမှုအသိုင်းအဝိုင်းဖွဲ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူသူငယ်တွေရဲ့ လူနေမှုအဆင့်အတန်းကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013