DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းထုတ်ကုန်ပစ္စည်းများ ကိုယ်ပိုင်ဘားကုတ် အသုံးပြုနိုင်ပြီ
DVB
·
February 22, 2020
Donate to DVB

မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန် ပစ္စည်းတွေအတွက် ကိုယ်ပိုင်ဘားကုတ်ကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ 

ဖေဖော်ဝါရီ ၂၂ ရက်နေ့ ကုန်သည်စက်မှုအသင်းချုပ်မှာ Myanmar Barcode Association ရဲက GS1 Myanmar မိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

GS1 Barcode နံပါတ်တွေကို တကမ္ဘာလုံးက လက်ခံသုံးစွဲနေတဲ့အတွက် မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန် ပစ္စည်းတိုင်းအတွက် ကိုယ်ပိုင် GS1 Barcode 883 ကို အသုံးပြုနိုင်မှာပါ။ 

ကိုယ်ပိုင်ဘားကုတ်အသုံးပြုပြီး မိမိတို့ရဲ့ ကုန်ပစ္စည်းတွေကို ပြည်တွင်းမှာရှိတဲ့ ဘယ်ဆိုင်မှာမဆို ရောင်းချနိုင်တဲ့အပြင် နိုင်ငံရပ်ခြားကို တင်ပို့ရောင်းချရာမှာလည်း အဆင်ပြေလွယ်ကူစေမယ်လို့ ဆိုပါတယ်။

ယခင်က ပြည်တွင်းထုတ်ကုန်တွေမှာ နိုင်ငံရပ်ခြားက ဘားကုတ်တွေကို အသုံးပြုခဲ့ရပြီး နိုင်ငံတော်အစိုးရ အနေနဲ့လည်း တနိုင်ငံလုံး ကိုယ်ပိုင်ဘားကုတ်အသုံးပြုနိုင်ဖို့အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ မြန်မာဘားကုတ်အသင်း ဥက္ကဋ္ဌက တိုက်တွန်းခဲ့ပါတယ်။

မြန်မာဘားကုတ်အသင်းဟာ မြန်မာနိုင်ငံအနေနဲ့ GS1 Member Organization အဖြစ် လျှောက်ထားမှုကို ၂၀၁၉ မေလက တရားဝင်အသိအမှတ်ပြုခံထားရတာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေ၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာ်ရေးနဲ့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေက တက်ရောက်ခဲ့ပါတယ်။

နူးရာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013