DVB Logo
Home
မြန်မာသတင်း
ရေလှိုင်းတုပါဝင်သည့် ရေကစားဥယျာဉ် မုံရွာမြို့တွင် ဖွင့်လှစ်
DVB
·
February 20, 2020
ရေလှိုင်းတုပါဝင်သည့် ရေကစားဥယျာဉ် မုံရွာမြို့တွင် ဖွင့်လှစ်
1 / 6
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်မှာ မုံရွာမြို့ရဲ့ ပထမဆုံး ရေလှိုင်းတုပါဝင်တဲ့ ‌Chindwin Water Park ရေကစားဥယျာဉ်တခုကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ 

ဒီရေကစားဥယျာဉ်ကို စီးပွားရေးလုပ်ငန်းရှင်တဦးက ကျပ်သိန်းပေါင်း ၁ သောင်းကျော် အကုန်အကျခံကာတည်ဆောက်ခဲ့ပြီး ရရှိတဲ့အကျိုးအမြတ်တွေထဲက ၃၀ ရာခိုင်နှုန်းကို မြို့တွင်းလမ်းတွေ ကောင်းမွန်ရေးအတွက် သုံးစွဲသွားမယ်လို့ သိရပါတယ်။

"အဓိကကတော့ ချမ်းမြဝတီရပ်ကွက်က လမ်းတွေကို အရင်ခင်းမယ်။ အကျိုးအမြတ်ကိုတော့ လချုပ်၊ နှစ်ချုပ် မခွဲဘူး။ တလမ်းလုပ်လို့ရရင် တလမ်း စလုပ်မယ်။ ကွန်ကရစ်ခင်းမယ်ဆိုရင် ပေ ၁၀၀၀ ကို ကျပ်သိန်း ၁၀၀ ကုန်ကျမယ်။ လမ်းအခြေအနေကြည့်ပြီး ဦးစားပေးလုပ်သင့်တာတွေ လုပ်သွားမယ်" လို့ Chindwin Water Park ပိုင်ရှင် ဦးနိုင်စိုးက ပြောပါတယ်။

ဒီရေကစားဥယျာဉ်က အကျယ် ၅ ဧက နီးပါးရှိပြီး ကမ်းခြေလှိုင်းတု၊ ဒီဂျေရေပန်း၊ ကလေးရေကစားစင်တွေလည်း ပါဝင်ကာ လူ ၁ သောင်းလောက် လာရောက်အပန်းဖြေနိုင်တယ်လို့ ဆိုပါတယ်။ ဝင်ကြေးအနေနဲ့ တဦးကို ငွေကျပ် ၃၀၀၀ စီ သတ်မှတ်ထားပြီး ကလေး၊ လူကြီး အားလုံးလာရောက်ကစားနိုင်အောင် ပြင်ဆင်ထားပါတယ်။ 

ဒါ့အပြင် ရေကစားဥယျာဉ်အနီးမှာပဲ ကလေးကစားကွင်းပန်းခြံတစ်ခုကို လာမယ့် ဇူလိုင်လအတွင်း ဖွင့်လှစ်နိုင်အောင် လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013