DVB Logo
Home
မြန်မာသတင်း
ရခိုင်က ဆန္ဒပြခေါင်းဆောင်များ ခေါ်ယူ စစ်မေးခံရ
DVB
·
March 10, 2013
Donate to DVB

ရခိုင်ပြည်နယ်မှာ မတ် ၇ ရက်နေ့က လူရာထောင်နဲ့ချီပြီး လမ်းပေါ်ထွက် ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ဦးဆောင်သူလို့ ယူဆရသူတွေကို ရဲက ခေါ်ယူစစ်မေးပြီး တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။

စစ်တွေမြို့ မီးလောင်ပြင်မှာ ဘင်္ဂါလီတွေကို နေရာချပြီး အိမ်ဆောက်ပေးမယ့် အစီအစဉ်ကို မပြုလုပ်ဖို့ စစ်တွေ၊ မြောက်ဦးနဲ့ ကျောက်တော်မြို့တွေမှာ ကန့်ကွက် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး စစ်တွေမြို့က ၂ ဦး၊ ကျောက်တော်မြို့က ၄ ဦးကို မြို့နယ်ရဲတွေက ခေါ်ယူစစ်မေးခဲ့တာပါ။

စစ်တွေမြို့မှာ ဒေါ်ညိုအေးနဲ့ ဦးကျော်ဇောဦးတို့ ၂ ဦးကို ခေါ်ယူစစ်မေးတယ်လို့ ကာယကံရှင် ဒေါ်ညိုအေးက ပြောပါတယ်။

“ကျောက်တော်မှာ ၄ ဦးပေါ့။ ဆန္ဒထုတ်ဖော်တဲ့နေ့မှာပဲ သက်ဆိုင်ရာစခန်းမှူးက ကျမတို့ကို လာခေါ်တယ်။ နောက် အုပ်ချုပ်ရေးမှူးတွေခေါ်ပြီး အုပ်ချုပ်ရေးမှူး ၂ ယောက်နဲ့ အာမခံပေးတဲ့ သဘောပေါ့။ ကျမတို့ကို ပုဒ်မ ၁၈ နဲ့ တရားစွဲမယ်ပြောပါတယ်။ အမှုတည်ဆောက်နေတယ်၊ ကျမတို့ကို ရုံးတင်တဲ့နေ့မှာ ပြန်ခေါ်မယ့်အကြောင်း အကြောင်းကြားပေးတယ်။”

သူတို့ကို ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြမှုပုဒ်မ ၁၈ နဲ့ စွဲဆိုမယ်ဆိုတာကို အခင်းဖြစ်တဲ့ည ၇ နာရီမှာပဲ ခေါ်ယူပြောဆိုပြီး အာမခံနဲ့ ပြန်လွှတ်ပေးထားတာ ဖြစ်ပါတယ်။

ကျောက်တော်မြို့မှာတော့ ၄ ဦးကို ဖမ်းဆီးပြီး ခံဝန်လက်မှတ်ထိုးခိုင်းတယ်လို့ ကြားသိရပြီး တရားစွဲဆိုမှု ရှိ၊ မရှိ မသိရသေးပါဘူး။

ကျောက်တော်ဒေသခံတဦးက “ဆန္ဒပြတဲ့နေ့ ညနေလောက်မှာ ဦးဆောင်ဆန္ဒပြသူဆိုပြီး ၄ ယောက် ခေါ်စစ်ပါတယ်။ နောက်တခါ မလုပ်တော့ဘူးဆိုပြီး ခံဝန်လက်မှတ်ထိုးခိုင်းတယ်လို့ သိရတယ်။ ဖမ်းဆီးတရားဆွဲမယ်၊ ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထွက်တာရှိတယ်။ ဒါပေမယ့် အတိအကျတော့ ဘာမှမသိရသေးဘူး ပြောတယ်။”

ဒီဆန္ဒထုတ်ဖော်မှုကို ပြုလုပ်တာဟာ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်း အကောင်အထည်မဖော်တဲ့အတွက် ဆောင်ရွက်တာလို့ ဒေါ်ညိုအေး က ပြောပါတယ်။

“လတ်တလောဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေမှာဆိုရင် အခု ပိုပြီး နည်းနည်းအဆင့်မြင့်လာတယ်။ အခုဆိုရင် သူတို့ကို တန်ဖိုးနည်းတဲ့ လုံးချင်းအိမ်ရာတွေ ဆောက်ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်တယ်။ နေပြည်တော်မှာ ကန်ထရိုက်တွေ သွားဆွဲတယ်။ အဲဒါကို လက်မခံနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံသားဖြစ်ခွင့် ဒီကနေ့အထိ ၁၉၈၂ ခုနှစ် အခြေခံဥပဒေကိုလည်း အစိုးရက ဘာမှ မလုပ်ပေးသေးဘူး။ ပြည်နယ်အစိုးရရော ပြည်ထောင်စုအစိုးရရော တာဝန်ရှိတယ်။ တာဝန်ရှိတဲ့အပိုင်းတွေကို သူတို့က ဘာမှမလုပ်တော့ ပြည်သူတွေရဲ့ ဖြစ်ပေါ်နေတဲ့ ဆန္ဒတွေကို ကျမတို့က တောင်းဆိုပေးရတာဖြစ်တယ်။”

ဒီဆန္ဒပြပွဲဟာ ဟိုအရင်ရက်ပိုင်းက သတင်းထွက်ခဲ့တဲ့ စစ်တွေမြို့မှာ တူရကီနိုင်ငံက ဘင်္ဂါလီတွေအတွက် လူနေအိမ်ခြေ ၄ ထောင် ဆောက်လုပ်ပေးမယ်ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရက ရိုဟင်ဂျာလူမျိုး မြန်မာနိုင်ငံ တိုင်းရင်းသားထဲမှာ မပါဘူးလို့ ပြောဆိုထားပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနားကတော့ ၁၉၈၂ ခုနှစ် ဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆိုထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013