DVB Logo
Home
နိုင်ငံတကာ
မုဆိုးမလောင်းဟု နောက်ပြောင်ခဲ့မှု အရေးယူရန် မယ်လာနီယာထရမ့်ပ် တောင်းဆို
DVB
·
April 28, 2026
Photo: REUTERS/Jonathan Ernst//Mike Blake/File Photo
Photo: REUTERS/Jonathan Ernst//Mike Blake/File Photo
Donate to DVB

ရုပ်သံတင်ဆက်သူ ဂျင်မီကင်းမဲလ်က သမ္မတကတော်ကို “မုဆိုးမလောင်း” လို့ နောက်ပြောင်ခဲ့တဲ့ ကိစ္စအပေါ် ABC ရုပ်သံက အရေးယူကိုင်တွယ်ဖို့ အမေရိကန်သမ္မတကတော် မယ်လာနီယာထရမ့်ပ်က တောင်းဆိုလိုက်ပါတယ်။

အိမ်ဖြူတော်သတင်းထောက်များအသင်းရဲ့ ညစာစားပွဲ ပစ်ခတ်မှုဖြစ်စဉ် မတိုင်မီ ရက်ပိုင်းအလိုမှာ ကင်းမဲလ်က ဒီလိုနောက်ပြောင်ခဲ့တာဟာ “အမုန်းပွား၊ ရန်လို” ရာ ရောက်တဲ့အတွက် ကင်းမဲလ်ရဲ့ ဒီ “ယုတ်မာတဲ့အပြုအမူ” ကို ABC သတင်းဌာနက အရေးယူဆောင်ရွက်ဖို့ မယ်လာနီယာက တိုက်တွန်းခဲ့ပါတယ်။

ဧပြီ ၂၃ ရက်က ရုပ်သံအစီအစဉ်မှာ ကင်းမဲလ်က “ကျနော်တို့ရဲ့ သမ္မတကတော် မယ်လာနီယာ ဒီမှာပါ။ မယ်လာနီယာကို ကြည့်လိုက်ပါ၊ အရမ်းလှပါတယ်။ ထရမ့်ပ်ကတော်ဟာ မုဆိုးမလောင်းတယောက်လို တောက်ပနေပါတယ်” လို့ ပြောဆိုခဲ့တာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကလည်း ဒီစကားတွေဟာ “အကြမ်းဖက်ဖို့ လှုံ့ဆော်တာ” ဖြစ်ပြီး “ဒီလုပ်ရပ်ဟာ လုံးဝကို ကမ်းကုန်နေပါပြီ၊ ဂျင်မီကင်းမဲလ်ကို Disney နဲ့ ABC တို့က ချက်ချင်း အလုပ်ထုတ်သင့်တယ်” လို့ တောင်းဆိုခဲ့ပါတယ်။

ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ ချာလီကာ့ခ် အသတ်ခံရမှုအပေါ် MAGA လှုပ်ရှားမှုက နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ကင်းမဲလ်က ပြောပါတယ်။

ဒီပြောဆိုချက်ကြောင့် ရုပ်သံအစီအစဉ် ခေတ္တရပ်နားခဲ့ရပြီး တပတ်အကြာမှာမှ အစီအစဉ် ပြန်စခွင့်ရခဲ့ပါတယ်။

အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းရေးမှူး ကာရိုလိုင်း လဲဗစ်ကလည်း ကင်းမဲလ်ရဲ့ ပြောဆိုမှုတွေဟာ လုံးဝကို ရူးသွပ်ရာကျတယ်လို့ ဧပြီ ၂၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013