DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေးအပါအဝင် ကဏ္ဍ ၄ ခုကို ဂျာမနီက ပံ့ပိုးကူညီပေးလို 
DVB
·
February 19, 2020
မြန်မာ့စီးပွားရေးအပါအဝင် ကဏ္ဍ ၄ ခုကို ဂျာမနီက ပံ့ပိုးကူညီပေးလို 
Donate to DVB

ဂျာမန်ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ GIZ က မြန်မာနိုင်ငံရဲ့ စီးပွားရေးအပါအဝင် ကဏ္ဍလေးခုကို ပံ့ပိုးပေးဖို့ ဆန္ဒရှိနေတယ်လို့ ဌာနေကိုယ်စားလှယ်က ပြောပါတယ်။

စီးပွားရေး၊ အရည်အသွေးမြှင့်တင်တာ၊ အစားအစာနဲ့အာဟာရ၊ စွမ်းအင်နဲ့ ရာသီဥတုဆိုင်ရာ ကဏ္ဍ တို့ကို  အခု ၂၀၂၀ ပြည့်နှစ်မှာ ကူညီသွားမယ်လို့ ရုံးခန်းသစ်ဖွင့်တာနဲ့ အဓိကဆောင်ရွက်နေတဲ့ ကဏ္ဍတွေကို ထုတ်ပြန်လိုက်တာပါ။

GIZ မြန်မာရဲ့ ဌာနေကိုယ်စားလှယ် Dr. Petra Schill က “ပြည်တွင်းအင်အားနဲ့ နိုင်ငံတကာက ကျွမ်းကျင်မှုတွေကို ပေါင်းစပ်လိုက်မယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းတွေ၊ ရလဒ်တွေ ရလာမှာ ဖြစ်ပါတယ်။ GIZ ရဲ့ အဓိက ရည်မှန်းချက်ကတော့ လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်ပေးဖို့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအတွက် သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှု ကောင်းတွေ၊ သူတို့ရဲ့ အောင်မြင်မှုပန်းတိုင်ကို ရောက်စေဖို့ လုပ်ပေးနေတာပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

GIZ ဟာ ပညာရေးဝန်ကြီးဌာနအောက်က နည်းပညာနဲ့ သက်မွေးဝမ်းကျောင်းပညာ လေ့ကျင့် သင်ကြားတာတွေကို ပံ့ပိုးပေးနေပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ လုပ်သားပေါင်း ၁၄၀၀၀ ကျော်ကို နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်တွေ ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်ကစလို့ ရှမ်းပြည်မြောက်ပိုင်းနဲ့ ရခိုင်ဒေသက ဒေသခံ လူမှုအဖွဲ့အစည်းတွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ အိုးအိမ်စွန့်ခွာ နေထိုင်နေရသူတွေအတွက် အရည်အသွေး မြှင့်တင်တာနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း အခွင့်အလမ်းတွေ ဖန်တီးပေးနေပြီး ရခိုင်ပြည်နယ် နေရာပေါင်း ၄၀ က အိုးအိမ်စွန့်ခွာနေထိုင်နေရသူတွေနဲ့ လူငယ်စုစုပေါင်း ၂၆၀၀ ကျော်ကို လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နိုင်စေဖို့ လေ့ကျင်သင့်ကြားပေးခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

 “ဆင်းရဲမွဲတေတာ၊ ရာသီဥတုပြောင်းလဲတာတွေနဲ့ လူမှုစီးပွားမညီမျှတာ စတာတွေဟာ တကမ္ဘာလုံး ဆိုင်ရာ စိန်ခေါ်မှုတွေပဲ ဖြစ်ပါတယ်။ ရာစုသစ် မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေက အဖွဲ့အစည်းတခုတည်းက ဖြေရှင်းလို့မရပါဘူး။ အားလုံးပါဝင်တဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ခွန်အားနဲ့မှပဲ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်” လို့ Dr. Petra Schill က ပြောပါတယ်။

GIZ ဟာ ဂျာမနီနဲ့ တခြား နိုင်ငံအစိုးရအဖွဲ့အစည်းတွေ၊ ဥရောပသမဂ္ဂနဲ့ ပုဂ္ဂလိကကဏ္ဍတို့ရဲ့ ငွေကြေး ထောက်ပံ့မှုနဲ့ နိုင်ငံပေါင်း ၁၂၀ မှာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံတကာပညာရေးဆိုင်ရာအတွက်  ပူးပေါင်း လုပ်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013