DVB Logo
Home
မြန်မာသတင်း
‘ပျိုပျိုမေရဲ့ သိုးမည်းကြီး’- အဆိုတော်ဗဒင်အမှတ်တရ ဂီတဖျော်ဖြေပွဲ ကျင်းပမည်
DVB
·
February 19, 2020
‘ပျိုပျိုမေရဲ့ သိုးမည်းကြီး’- အဆိုတော်ဗဒင်အမှတ်တရ ဂီတဖျော်ဖြေပွဲ ကျင်းပမည်
Donate to DVB

       တချိန်က ဂီတလောကမှာ ထင်ရှားခဲ့ပြီး ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ အဆိုတော် ဗဒင်အမှတ်တရ ဂီတဖျော်ဖြေပွဲကို ခုသီတင်းပတ်ထဲမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

       ‘ပျိုပျိုမေရဲ့ သိုးမည်းကြီး’လို့ ခပ်ဆန်းဆန်း အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကို တော့ WIPE က စီစဉ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၇နာရီမှာ ရန်ကုန်မြို့၊  ရွှေဂုံတိုင်က The Galleria 9 မှာ ပြုလုပ်သွားမှာပါ။

       ဗဒင်ဟာ ၁၉၉၃ ခုနှစ်က ပထမဆုံးထွက်ရှိခဲ့တဲ့ ‘နေရာ’တေးအယ်လ်ဘမ်တချပ် တည်းနဲ့တင် အအောင်မြင်ဆုံး အဆိုတော်တယောက် ဖြစ်လာခဲ့ပြီး သူ့ရဲ့ သီချင်းတွေဟာ နိုင်ငံအနှံ့ တောရောမြို့ပါမကျန် အားပေးလက်ခံမှု ရရှိခဲ့ပါတယ်။

       အဲဒီကာလမတိုင်ခင်ကတော့ ဗဒင်ဟာ တေးရေးဆရာ တယောက်အနေနဲ့ ရပ်တည်ခဲ့ပြီး သူရေးခဲ့တဲ့ ‘ရိုးရိုးအေးအေးကြီးကိုပဲ’၊ ‘အသည်းစွဲ’စတဲ့ သီချင်းတွေကတော့ ထင်ရှားပါတယ်။

       ကိုယ်ပိုင်သံစဉ်သီချင်းတွေချည်း သီးသန့်သီဆိုခဲ့တဲ့ ဗဒင်ရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ ‘သိုးမည်းတွေအကြောင်း’ကလည်း သူ့ရဲ့ ဘဝတစိတ်တဒေသကို ဖော်ပြနေခဲေတာပါ။

       နောက်ထပ်ထူးခြားတာကတော့ ဗဒင်ဟာ အအောင်မြင်ဆုံး တေးအယ်လ်ဘမ်လို့ ဆိုရမယ့် "နေရာ"ရဲ့နောက် "ဒီနေ့"၊ "မမေ့ပါဘူး"၊ "အရှိအတိုင်း" စတဲ့ စုစုပေါင်းတေးအယ်လ်ဘမ် ၄ ချပ်သာ တသက်တာမှာ ထုတ်ဝေခဲ့ပြီး ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

       ခုကျင်းပပြုလုပ်မယ့် ဖျော်ဖြေပွဲမှာတော့ ဗဒင်ရဲ့ ‘အဟောင်းဆိုင်’၊ ‘ချစ်အသည်းကျော်မ လေး’၊ သိပ်ချစ်တာပဲ’၊ ‘ဒီအတိုင်းပဲဆင်းလာခဲ့’စတဲ့ သီချင်းပေါင်းများစွာနဲ့ လူငယ်တွေရဲ့ ပါးစပ်ဖျား အဆောင်ရှေ့၊ အုတ်ခုံတွေပေါ်ထိ  စွဲလန်းခဲ့ရတဲ့ သူ့ရဲ့သီချင်းတွေကို အလွမ်းပြေစေနိုင်မှာ ဖြစ်ပါတယ်။

       ဒီသီချင်းတွေနဲ့ ဖျော်ဖြေပွဲမှာတော့ ဗဒင်ရဲ့ တဦးတည်းသော သားဖြစ်တဲ့ သော်ဖိ လုဒင်နဲ့အတူ တခြားအဆိုတော်တွေလည်း ပါဝင်သီဆိုပေးသွားကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013