DVB Logo
Home
မြန်မာသတင်း
ရခိုင်တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်တွင် ရိက္ခာ ပြတ်လပ်နေ
DVB
·
February 18, 2020
ရခိုင်တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်တွင် ရိက္ခာ ပြတ်လပ်နေ
Donate to DVB

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေတို့အကြား အပြင်းအထန်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရိက္ခာတွေ ပြတ်လပ်နေပြီလို့ မြို့မိမြို့ဖ တယောက်က ပြောပါတယ်။

ပလက်ဝမြို့နယ်ဟာ လမ်းပန်းဆက်သွယ်ရေးအရ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နဲ့ပဲ ရေကြောင်းခရီး အဆက်အသွယ်လုပ်နေတာဖြစ်ပြီး လတ်တလောမှာတော့ တိုက်ပွဲတွေကြောင့် ဆက်သွယ်ရေးလည်း ပြတ်တောက်နေပါတယ်။

“ဒီနေ့ဆိုရင် ၁၄ လောက်ရှိပြီ။ အသွားအလာမလုပ်ရတာ။ ကုန်ပစ္စည်းတွေအားလုံးကတော့ ဈေး နှစ်ဆကျော် တက်သွားတယ်။ ဒါပေမယ့် ဆန်ဆိုင်တွေကတော့ ရောင်းစရာမရှိလို့ ပိတ်ကုန်ပြီ လို့ မြို့ခံတဦးက ပြောပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိုလှောင်ထားတဲ့ ဆန်တွေကို ထုတ်ရောင်းပေးခဲ့ပြီး ခုတော့ ကုန်သွားပြီလို့လည်း သူက ပြောပါတယ်။ ဒါကြောင့် ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရကို တင်ပြဖို့ အထွေထွေအုပ်ချုပ်ရေးဌာနက လုပ်နေတယ်လို့လည်း ဆိုပါတယ်။

မြို့ပေါ်မှာ စားနပ်ရိက္ခာတွေပြတ်လပ်ရင်တော့ ပလက်ဝမြို့နယ်ထဲက ရွာတွေဟာလည်း ပြတ်လပ်နိုင်ဖွယ် ရှိနေပါတယ်။

မြို့ပေါ်မှာပေးတဲ့ လျှပ်စစ်မီးကိုလည်း ဒီဇယ်ဆီခြွေတာတဲ့အနေနဲ့ အချိန် ၁ နာရီလျှော့ထားပြီး အခုဆို တညကို ၃ နာရီကြာပဲ မီးပေးနေပါတယ်။

ပလက်ဝမြို့ဟာ အင်တာနက်ဖြတ်တောက်ခံထားရသလို သွားလာဆက်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ ရေကြောင်းခရီးမှာလည်း တိုက်ပွဲတွေကြောင့် ခရီးသည်တွေ ထိခိုက်ဒဏ်ရာရခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013