Home
မြန်မာသတင်း
Inya Lake Hotel တွင် အပြာရောင် ကမ္ပည်းပြားတပ်ဆင်
ဆုဆုသွယ်
·
February 18, 2020
86831339_2765148503566240_4546165248649854976_o
86796125_2765148880232869_8803777779557466112_o
86776587_2765148750232882_812948587993366528_o
86665841_2765148533566237_2113690574732132352_o
86633262_2765147966899627_2179125977739689984_o
86502404_2765147896899634_2705605933626556416_o
86478305_2765148460232911_3526387863362994176_o
86456422_2765148196899604_3411879641500090368_o
86389201_2765148283566262_8232904290079866880_o
86364896_2765148293566261_2361626512605577216_o
စစ်ပြီးခေတ် မော်ဒန်ဗိသုကာလက်ရာ ပြယုဂ်တခုဖြစ်တဲ့ ရန်ကုန်မြို့ရှိ Inya Lake Hotel မှာ ၃၆ ခုမြောက် အပြာရောင်ကမ္ပည်းပြားကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တပ်ဆင်လိုက်ပါတယ်။  အပြာရောင်ကမ္ပည်းပြားတွေကို ရန်ကုန်မြို့မှာရှိတဲ့ အမွေအနှစ်ဆိုင်ရာ အဆောက်အအုံတွေ၊ နေရာတွေမှာ အမှတ်အသားတခုအနေနဲ့ တပ်ဆင်နေတာ ဖြစ်ပါတယ်။  ပြည်သူတွေအနေနဲ့ သမိုင်းဝင်အဆောက်အဦတွေ၊ နေရာတွေကို ပိုမိုတန်ဖိုးထားထိန်းသိမ်း တတ်လာစေဖို့နဲ့ လူသိနည်းတဲ့အဆောက်အဦတွေကို လူအများသိလာစေဖို့အတွက် အပြာရောင် ကမ္ပည်းပြားတွေကို တပ်ဆင်နေတာလည်းဖြစ်ပါတယ်။  အင်းလျားကန်စောင်းမှာရှိတဲ့ Inya Lake Hotel ကို ၁၉၅၅ ခုနှစ်နဲ့ ၁၉၆၂ ခုနှစ်ကြားမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့မှာ အထင်ရှားဆုံးဟိုတယ်တခု ဖြစ်သလို စစ်ပြီးခေတ် မော်ဒန်ဗိသုကာလက်ရာပြယုဂ်တခု အနေနဲ့ ထိန်းသိမ်းရမယ့် အဆောက်အအုံတခု ဖြစ်တဲ့အတွက် အပြာရောင်ကမ္ပည်းပြားကို တပ်ဆင်ခဲ့တာဖြစ်ပါတယ်။  Inya Lake Hotelကို ရုရှားဗိသုကာတွေ၊ အင်ဂျင်နီယာတွေ၊ အတတ်ပညာရှင်တွေရဲ့ ကျွမ်းကျင်မှုနဲ့ နည်းပညာတွေကို သရုပ်ပြသဖို့ ဆောက်လုပ်ခဲ့တာဖြစ်ပြီး အဲဒီခေတ်က အရှေ့တောင်အာရှမှာ ခေတ်အမီဆုံးဟိုတယ်တခု ဖြစ်ပါတယ်။ အပြာရောင်ကမ္ပည်းပြား တပ်ဆင်မှုတွေကိုတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနဲ့ အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ရန်ကုန်မြို့ပြ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ကနေ တပ်ဆင်နေတာဖြစ်ပါတယ်။  Inya Lake Hotel ကို အပြာရောင်ကမ္ပည်းပြားတပ်ဆင်တဲ့ အခမ်းအနားကို ဒုတိယမြို့တော်ဝန်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့ပြ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024