DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစံမမီသည့် ကုမ္ပဏီများကို အရေးယူခြင်းမရှိ 
DVB
·
February 18, 2020
ကယားပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစံမမီသည့် ကုမ္ပဏီများကို အရေးယူခြင်းမရှိ 
Donate to DVB

ကယားပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းတွေမှာ အရည်အသွေး စံချိန်စံညွန်းမမီ လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေ ရှိနေမယ့် အစိုးရအနေနဲ့ အရေးယူဆောင်ရွက်တာတွေမရှိဘူးလို့ မယ်စဲ့မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးအောင်နိုင်ဦးက ပြောပါတယ်။

“တချို့က အရည်အသွေးပိုင်းလုံးဝ ညံ့ဖျင်းတယ်ပေါ့နော်။ ပြီးရင် ပြီးစလွယ် လုပ်တယ်။ ကျနော်တို့လည်း သွားစစ်တာပေါ့။  ပြည်သူ့ငွေစာရင်း စောင့်ကြည်စစ်ဆေးမှုကော်မတီမှာ အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေတော့ စစ်တယ်။ အရည်သွေးကောင်းရင် ကောင်းတယ်။ မကောင်းတဲ့ဟာကို အစိုးရအဖွဲ့ကို တင်ပြတာပေါ့နော်။ အစိုးရအဖွဲ့ကို တင်ပြတဲ့ဟာကို အစိုးရအဖွဲ့အနေနဲ့ ဒီကုမ္ပဏီတွေ မကောင်းပါဘူးလို့ ဖြစ်နေတာတောင်မှ သူတို့ ပြန်ပြီးတော့ အရေးယူ ဆောင်ရွက်မှုမရှိတာကိုလည်း တွေ့ရှိရတာပေါ့နော်။”

ဖေဖော်ဝါရီ ၁၄ က ကျင်းပတဲ့  ကယားပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ  ဦးအောင်နိုင်ဦးက တည်ဆောက်ရေးလုပ်ငန်းတွေမှာ တချို့ကုမ္ပဏီတွေက စာချုပ်ပါ စည်းမျဉ်းအတိုင်း လိုက်နာဆောင်ရွက်မှုမရှိသလို၊ တချို့မှာ သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုမရှိဘူးလို ပြောပါတယ်။  ဒီလို စံချိန်စံညွှန်းမညီတဲ့ ကုမ္ပဏီတွေကို အမည်ပျက် (black list) ထုတ်ပြန်ဖို့ အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။

မေးခွန်းနဲ့ပတ်သက်ပြီး ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က “ကုမ္ပဏီများနှင့် သဘောတူစာချုပ်ရှိကြောင်း၊ စာချုပ်ဖောက်ဖျက်ပါက လုပ်ငန်းအပ်နှံသည့် ဌာနမှ Black List ထုတ်ပြန်ကြေညာရမှာကြောင်း၊ ကက်ဘိနက် အစည်းအဝေးအရ Black List ထုတ်ပြန်ရမည်ဖြစ်ပြီး ပြည်တောင်စုသို့ တင်ပြရမှာ ဖြစ်ကြောင်း” ပြန်လည်ဖြေခဲ့ပါတယ်။

မေးခွန်းကို သက်ဆိုင်ရာဝန်ကြီးက တိတိကျကျ ပြန်လည်မဖြေဆိုနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောပါတယ်။

“သူတို့က ဆက်လက်စောင့်ကြည့်ပြီးတော့ လုပ်မယ်ဆိုတဲ့ဟာမျိုး ဖြစ်နေတယ်ပေါ့နော်။ အမှန်တကယ်က ကျနော်တို့အဖွဲ့လည်း မစစ်နိုင်ပါဘူး။ စစ်တယ်ဆိုတာက QC အဖွဲ့ရှိတယ်။ ကျနော်တို့အဖွဲ့ ရှိတယ်ပေါ့နော်။ QC ကလည်း တော်ရုံတန်ရုံ သူ့လူဘက်က ပါပြီးတော့ ကောင်းရင်ကောင်းသလို ပေးရင်ပေးသလိုဆိုတဲ့ဟာမျိုး၊ ကျနော်တို့ ပြည်သူ့ငွေစာရင်းကျတော့ လွှတ်တော်ကိုယ်စားတွေရယ်၊ အရပ်ဘက်အဖွဲ့အစည်းတွေရယ်၊ အင်ဂျင်နီယာတွေ၊ ဆည်မြောင်း အေအီးတို့ အကုန်ပါကြတာပေါ့နော်။ ဒီလူတွေကနေ အမှန်အကန်လိုက်စစ်လို့ တွေ့ရှိချက်အတိုင်းကို ကျနော်တို့ အစိုးရအဖွဲ့ကိုတင်ပါတယ်။ အစိုးရအဖွဲ့ကို တင်တိုင်းတင်တိုင်းမှာ ဘယ်ကုမ္ပဏီကို ဘယ်လိုအရေးယူဆောင်ရွက်လို့ပြီးပြီဆိုတဲ့ဟာ ကျနော်တို့ဆီကို ပြန်စာတခါမှ မရောက်ဖူးပါဘူး။”

ဒါ့အပြင် ဌာနဆိုင်ရာနဲ့ပူးပေါင်းဆောင်ရွက်မယ်၊ မကောင်းရင် ထိထိရောက်ရောက် အရေးယူမယ်ဆိုလို့ရှိရင် ကယားပြည်နယ်မှာ ပိုပြီးတော့ အဆောက်အအုံတို့၊ တံတားတို့ ပိုပြီးခိုင်ခံ့လာမှာ ဖြစ်သလို  ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးမှု ရှိမှာမဟုတ်ကြောင်းလည်း ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ QC အဖွဲ့ ဖွဲ့စည်းခဲ့ပေမယ့် အရည်အသွေး မမီတာတွေ စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ကုမ္ပဏီဘက်က လိုအပ်ချက်တွေကို အစိုးရက ထိရောက်စွာ ဖြေရှင်းမပေးတာကြောင့် လွှတ်တော်ကို လာရောက် တိုင်ကြားတာကို ကွင်းဆင်းစစ်ဆေး ကြားနာ ဆောင်ရွက်နေရကြောင်းလည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013