DVB Logo
Home
မြန်မာသတင်း
ရန်ကုန်လေထုညစ်ညမ်းမှု မိုးဇလကထုတ်ပြန်သည့် သတင်းသာ အမှန်ဟုဆို
DVB
·
February 17, 2020
ရန်ကုန်လေထုညစ်ညမ်းမှု မိုးဇလကထုတ်ပြန်သည့် သတင်းသာ အမှန်ဟုဆို
Donate to DVB

ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတော်က တရားဝင်ခွင့်ပြုထားတဲ့ မိုးဇလဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေသာ အမှန်လို့သာ ယူဆလို့ရတယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနက ဌာနမှူး ဦးချိုထွန်းအောင်က ပြောပါတယ်။

ဒါ့အပြင် လေထုညစ်ညမ်းမှုတွေကို တိုင်းတာတဲ့အချိန်မှာ တနေရာတည်း တိုင်းတာလို့ မရသလို ၄၈ နာရီအထိ တိုင်းတာမှသာ အဖြေမှန်ကို ရရှိနိုင်တာဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကျင်းပတဲ့ အပတ်စဉ် စည်ပင်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ဒါ့အပြင် ရန်ကုန်မြို့တော်စည်ပင်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနတို့က ပူးပေါင်းပြီး ရန်ကုန်မြို့ရဲ့ နေရာ ၄၇ မှာ တိုင်းတာနိုင်ဖို့ စီစဉ်နေတယ်လို့ စည်ပင်ရဲ့ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောပါတယ်။ 

အရပ်ဘက်အဖွဲ့အစည်းတွေက လေထုညစ်ညမ်းမှုအခြေအနေကို တိုင်းတာတဲ့အချိန်မှာ အချိန်ပြည့်တိုင်းတာတာမဟုတ်ဘူးဆိုတာ သိရှိရတယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေက အန္တရာယ်အဆင့်မှာ ရောက်ရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက လေ့လာတွေ့ရှိထားပြီး အမေရိကန်သံရုံးနဲ့ Air Quality Yangon စတဲ့ အဖွဲ့အစည်းတွေက ရန်ကုန်ရဲ့ လေထုအခြေအနေကို တိုင်းတာနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013