DVB Logo
Home
မြန်မာသတင်း
လေထုညစ်ညမ်းမှုကြောင့် ရန်ကုန်လူထု ကျန်းမာရေးထိခိုက်နိုင်
DVB
·
February 17, 2020
လေထုညစ်ညမ်းမှုကြောင့် ရန်ကုန်လူထု ကျန်းမာရေးထိခိုက်နိုင်
Donate to DVB

ရန်ကုန်မြို့မှာ လေထုညစ်ညမ်းမှုအန္တရာယ်က ချက်ချင်းသက်ရောက်မှုမရှိပေမယ့် ရေရှည်မှာ ထိခိုက်နိုင်တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့လိုအပ်နေပြီလို့ သဘာဝပတ်ဝန်းကျင် လေ့လာရေးပညာရှင်တွေက အကြံပြုထားပါတယ်။

လေထုတိုင်းတာရေးအဖွဲ့အစည်းတွေရဲ့ လေ့လာချက်အရဆိုရင် ရန်ကုန်မြို့ရဲ့ လေထု အခြေအနေ၊ လေထုအရည်အသွေးအညွှန်းကိန်းက တနှစ်ထက်တနှစ် ပိုဆိုးလာတာ တွေ့ရပါတယ်။

ဒါကြောင့် ရန်ကုန်မြို့နေ လူထုတွေအနေနဲ့ အန္တရာယ်ရှိလေထုကို ရှူရိုက်နေရမယ်ဆိုရင် ချက်ချင်းဆိုးကျိုးကို မခံစားနိုင်ရပေမယ့်လည်း အချိန်ကြာတဲ့အခါ ကျန်းမာရေးအတွက် ဆိုးကျိုး ရှိနိုင်တာကြောင့် အစိုးရနဲ့အတူ ပြည်သူလူထုပါ ပူးပေါင်းပြီးကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သဘာဝပတ်ဝန်းကျင်ပညာရှင် ဒေါက်တာမြင့်ဇော်က ပြောပါတယ်။

တကမ္ဘာလုံးမှာ လေထုညစ်ညမ်းမှုအညွှန်းကိန်း အန္တရာယ်ရှိတဲ့ အဆင့်ထဲမှာရှိနေတဲ့ နိုင်ငံတွေထဲမှာ   အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ၊ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်နိုင်ငံတို့နဲ့အတူ မြန်မာနိုင်ငံ ရန်ကုန်မြို့လည်းပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့ကဆိုရင်  ရန်ကုန်မှာ ခရမ်းလွန်အဆင့် လေထုညစ်ညမ်းမှုအညွှန်းကိန်း ၂၆၄ အထိရောက်ခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင်လေ့လာရေးအဖွဲ့ Air Quality Yangonအဖွဲ့က ပြောပါတယ်။

လေထုတိုင်းတာရေးအဖွဲ့အစည်းတွေကတော လေထုညစ်ညမ်းမှုအခြေအနေကို  အဆင့် ၆ ဆင့်သတ်မှတ်ထားပါတယ်။ အစိမ်းရောင်၊ အဝါရောင်၊ လိမ္မော်ရောင်နဲ့ အနီရောင်ကတော့ အန္တရာယ်အဆင့်နဲ့ ခရမ်းရောင်အဆင့် အန္တရာယ်အမြင့်မားဆုံးက အဆင့်သတ်မှတ်ထားပြီး အနီပုတ်ရောင်ကတော့  အဆိုးဝါးဆုံးအဆင့်လို့ သတ်မှတ်ထားပါတယ်။

 ဒါ့အပြင် ရန်ကုန်မြို့လေထုကို တိုင်းထွာတွေ့ရှိချက်အရ မနက်ပိုင်းတွေမှာတင်  လေထုအရည်အသွေးအညွှန်းကိန်းက အနီရောင်အဆင့်ထိရှိနေတယ်လို့ Air Quaility Yangon အဖွဲ့ဝင် မသင်းသဉ္ဇာစိုးက ပြောပါတယ်။

လေထုညစ်ညမ်းစေတဲ့ အဓိကအကြောင်းအရာတွေကတော့  ရန်ကုန်မြို့မှာ မော်တော်ယာဉ်အသုံးပြုတာများလာတာတွေ ၊ စက်ရုံတွေတိုးလာပြီး စက်ရုံတွေက ထွက်တဲ့ မီးခိုးအငွေ့တွေကြောင့်လည်း ပါဝင်ပါတယ်။ 

ဒါ့အပြင် သစ်ရွက်ခြောက်နဲ့ အမှိုက်မီးရှို့တာနဲ့ ဖုန်မှုန့်တွေကလည်း လေထုညစ်ညမ်းစေတဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ 

ညစ်ညမ်းပြီး အန္တရာယ်ရှိတဲ့ လေထုကို ရှူရှိုက်မိမယ်ဆိုရင်တော့  ကျန်းမာရေး ထိခိုက်မှုတွေရှိလာနိုင်မှာဖြစ်ပါတယ်။ ဒီအထဲက ကလေးသူငယ်တွေ ၊ သက်ကြီးရွယ်အိုတွေ၊ နာတာရှည် ရောဂါဝေဒနာရှင်တွေဖြစ်တဲ့ ပန်းနာရင်ကြပ်ရှိသူတွေနဲ့ အဆုတ်နဲ့ သက်ဆိုင်တဲ့ ရောဂါဝေဒနာရှိတဲ့သူတွေက ပိုပြီး ထိခိုက်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013