
ရန်ကုန်တိုင်းဒေသကြီးအဆင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိအမြင် မြှင့်တင်မှု ရက်သတ္တပတ် လူထုလှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁၆ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ပါတယ်။
သန်လျင်၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ကျောက်တန်း၊ တောင်ဥက္ကလာပ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်စတဲ့မြို့နယ်တွေမှာ ဖေဖော်ဝါရီ ၁၆ရက်ကနေ ၂၂ရက်အထိ ပညာပေးအစီအစဉ်တွေနဲ့ ဇာတ်တိုက်လေ့ကျင့်ခန်းတွေကို ပြုလုပ်ကြမှာပါ။
ဒီလှုပ်ရှားမှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအိုတွေ ပေါင်းဆောင်ရွက်ကြတာဖြစ်ပါ တယ်။
Photo - Kyaw Swar Tun / MPA











