DVB Logo
Home
မြန်မာသတင်း
ဒီလှိုင်းနေ့စဉ်သတင်းစာထုတ်ဝေရန် စာတင်ပြီးပြီဟုဆို
DVB
·
March 7, 2013
ဒီလှိုင်းနေ့စဉ်သတင်းစာထုတ်ဝေရန် စာတင်ပြီးပြီဟုဆို
Donate to DVB

ထုတ်ဝေသူ ဒေါ်အောင်ဆန်းစုကြည် အမည်နဲ့ ဒီလှိုင်းနေ့စဉ်သတင်းစာထုတ်ဖို့ ဖေဖော်ဝါရီ ၂၇ ရက်က ပြန်ကြားရေးဝန်ကြီးဌာနထံ ထုတ်ဝေခွင့်တင်ထားပြီးပြီ်လို့ ဒီလှိုင်းစာစောင်တာဝန်ခံအယ်ဒီတာ ဦးအုန်းကြိုင်(အောင်ဝင့်)က ပြောပါတယ်။

“လျှောက်လွှာတင်တာက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တင်နိုင်တယ်ဆိုပေမယ့် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ အေးအေးဆေးဆေး သေချာ စနစ်တကျ ပြင်ဆင်ပြီးတော့မှ သွားတင်တာဖြစ်ပါတယ်။ ဒါကြောင့် သတင်းစာထုတ်ဝေခွင့်ကျပြီလို့ ကြေညာတဲ့အထဲမှာတော့ တင်တာလည်း နောက်ကျနေတော့ အခုထိ မပါသေးပါဘူး။ ဒါပေမယ့် ဟိုဟာမပြည့်စုံ၊ ဒီဟာမပြည့်စုံဘူးဆိုပြီး မေးမြန်းတာတော့ မရှိသေးပါဘူး။ အချိန်တန်ရင်တော့ ကျလာမယ် မှန်းပါတယ်။ ထုတ်မယ့်ရက်ကလည်း ဇူလိုင်လလောက် မှန်းထားတော့ ဒီအထဲမှာ ပြင်ဆင်ချိန်ယူထားတာပါ။”

ဒီလှိုင်းနေ့စဉ် သတင်းစာကို ဒီလှိုင်းစာစောင်ပုံစံ၊ ဒီဇိုင်းမျိုးနဲ့ပဲ ထုတ်သွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဝေသူအဖြစ် တာဝန်ယူမယ်လို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူထုတ်ဝေမှာဖြစ်ပြီး အစုစပ်လုပ်ငန်းအဖြစ်နဲ့ တင်ထားတာဖြစ်ပါတယ်။ ရောင်စုံသတင်းစာပါ။ လောလောဆယ် အရင်းနှီး မတတ်နိုင်သေးတဲ့အတွက် အငှားပုံနှိပ်စက်နဲ့ ပထမရိုက်မယ်လို့ တင်ထားပါတယ်။ နောက်ပိုင်း ကိုယ်ပိုင်စက်နဲ့ ရိုက်နိုင်တဲ့သတင်းစာကြီးဖြစ်အောင် ကြိုးပမ်းသွားမှာပါ။”

ဒီလှိုင်းနေ့စဉ်သတင်းစာ တာဝန်ခံအယ်ဒီတာအဖြစ် လောလောဆယ် ဦးအုန်းကြိုင်ပဲ တာဝန်ယူသွားမှာဖြစ်ပြီး နောက်ပိုင်း သတင်းစာပညာရှင်တွေ စုစည်းမွေးထုတ်သွားမယ်လို့ ဆိုပါတယ်။

သတင်းစာကို ပါတီအာဘော်အနေနဲ့ ထုတ်ဝေသွားမှာမဟုတ်ဘဲ ပြည်သူ့သတင်းစာအဖြစ် ထုတ်ဝေသွားမယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

“လူထုပိုင်ပေါ့။ ပြည်သူ့ သတင်းတွေ၊ ပြည်သူအတွင်းမှာ ဖြစ်ပျက်နေတဲ့ အမြင်တွေ၊ သဘောထားတွေ၊ သတင်းဓာတ်ပုံတွေ၊ နေ့စဉ်ဘ၀မှာ ဖြစ်ပျက်နေတဲ့ ဒီမိုကရေစီ လှုပ်ရှားမှုအကြောင်းတွေ၊ နိုင်ငံတကာသတင်းတွေ၊ ဆောင်းပါးတွေနဲ့ ပုဂ္ဂလိကပိုင် ပြည်သူလူထုရဲ့ ရင်ထဲက ဖြစ်ပေါ်နေတဲ့ အချက်တွေကို ဖော်ပြမယ့် ပြည်သူ့သတင်းစာတစောင်ဖြစ်အောင် ကြိုးစားထုတ်မှာပါ။”

လက်ရှိ ဒီလှိုင်းစာစောင်ကိုလည်း ပါတီအာဘော်အဖြစ် ဆက်လက် ထုတ်ဝေသွားမယ်လို့ ဆိုပါတယ်။

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ထုတ်ဝေမယ့် ပြည်ထောင်စုနေ့စဉ် သတင်းစာကတော့ ထုတ်ဝေခွင့်ကျထားပြီးဖြစ်ပါတယ်။

ပြည်ထောင်စုနေ့စဉ်သတင်းစာကို လာမယ့်ဧပြီလထဲ ထုတ်ဝေဖို့ရှိတယ်လို့လည်း သိရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013