DVB Logo
Home
မြန်မာသတင်း
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီသစ် ဖွဲ့စည်း
DVB
·
February 12, 2020
Donate to DVB

မြန်မာပြည်အတွင်းမှာ အလုပ်သမား ၁၀ ဦးနဲ့ ၁၀ ဦးအထက် ရှိတဲ့ လုပ်ငန်းတွေက လုပ်သားတွေအတွက် လုပ်ခတိုးသတ်မှတ်ပေးဖို့  “အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ”သစ်ကို ဖေဖော်ဝါရီ ၁၀ ရက်က ထပ်မံဖွဲ့လိုက်ပါတယ်။

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန်ဦးမျိုးအောင် “ကော်မတီကတော့ ဥပဒေအရ သက်တမ်းကုန်လို့ပြန်ဖွဲ့တာပါ။ အဆိုပြုနှုန်းထားကတော့ကရင်ပြည်နယ်ကတော့ တက်လာပြီ။ ကျန်တဲ့ တိုင်းပြည်နယ်တွေကတော့ ညှိနေတုန်းပဲ။ မတ်လဆို အကုန်စုံနိုင်တယ်’’ လို့ပြောပါတယ်။

ပြည်တွင်းလုပ်သားတွေအတွက် လုပ်ခတိုးသတ်မှတ်နိုင်ဖို့ တိုင်းနဲ့ပြည်နယ်အလိုက် သတ်မှတ်ရေးကော်မတီတွေဖွဲ့စည်းထားပြီး လုပ်သားတွေရဲ့ လူနေမှုကုန်ကျ စရိတ်စစ်တမ်း ကောက်ခံကာ အမျိုးသားအဆင့်ကော်မတီကို တင်ပြဖို့ ညွှန်ကြားထားတာပါ။

ပြည်တွင်းလုပ်သားတွေရဲ့အနိမ့်ဆုံးလုပ်ခကို အနည်းဆုံးအခကြေးငွေ ဥပဒေအရ ၂၀၁၅ ခုနှစ်က ၃၆၀၀ ကျပ်၊ ၂၀၁၈ခုနှစ်က ၄၈၀၀ ကျပ်တို့ကို သတ်မှတ်ထားပြီး လာမယ့် ၂၀၂၀ ပြည့်နှစ်မေလမှာ ပြန်လည်ပြင်ဆင် သတ်မှတ်ရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013