DVB Logo
Home
မြန်မာသတင်း
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင်ကျင်းပ 
DVB
·
February 12, 2020
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင်ကျင်းပ 
1 / 8
Donate to DVB

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၂  ရက်နေ့မှာ ကျရောက်တဲ့ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ရန်ကုန်မြို့က မဟာဗန္ဓုလပန်းခြံထဲမှာ ဒီကနေ့ မနက်က  ကျင်းပပါတယ်။

တိုင်းရင်းသားအချင်းချင်းကြားမှာ သံသယစိတ်ကင်းကင်းနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ ဖော်ဆောင်နိုင်တာနဲ့အမျှ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မယ်လို့ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတက ပေးပို့တဲ့ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

သမ္မတက ပေးပို့တဲ့ သဝဏ်လွှာကိုတော့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖတ်ကြားခဲ့တာဖြစ်ပါတယ်။

တိုင်းရင်းသားတွေကလည်း အန်စီအေ လက်မှတ်ရေးထိုးရာမှာ မပါဝင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထပ်ပြီးပါဝင်စေချင်သလို စားပွဲဝိုင်းမှာဆွေးနွေးထားတဲ့ ကိစ္စတွေကိုလည်း လက်တွေ့မှာ အကောင်အထည်ဖော်စေချင်တယ်လို့ဆိုပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ရာမှာ အဓိကလိုအပ်ချက်က ယုံကြည်မှုဖြစ်လို့ အစိုးရရော တိုင်းရင်းသားတွေဘက်ကပါ အချင်းချင်းယုံကြည်စေချင်တယ်လို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုနေ့အခမ်းအနားမှာ မွန်တိုင်းရင်းသူ လုပ်ငန်းရှင် မိမေအေးအေးသန့်က ပြောပါတယ်။

၇၃နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ ဒေသအနှံ့  တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း အသီးသီးကျင်းပကြပါတယ်။

ရန်ကုန်မြို့မှာကျင်းပတဲ့ အခမ်းအနားမှာတော့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က တာဝန်ရှိသူတွေ၊ လွှတ်တော်၊ တပ်မတော်၊ ကျောင်းသူကျောင်းသားတွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အများအပြား တက်ရောက်ခဲ့ကြပါတယ်။

သင်းသင်းဇော်၊ ဓာတ်ပုံ- Yangon Government

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013