DVB Logo
Home
မြန်မာသတင်း
တန်းတူအခွင့်အရေးပေးရန် ကရင်အမျိုးသားနေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် 
DVB
·
February 11, 2020
တန်းတူအခွင့်အရေးပေးရန် ကရင်အမျိုးသားနေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် 
1 / 7
Donate to DVB

၇၂ နှစ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနားကို ရန်ကုန်မြို့က ယုဒသန်ရိပ်သာမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ 

၁၉၄၈ ခုနှစ် ဖေဖောဝါရီ ၁၁ ရက်နေ့မှာ မြန်မာတနိုင်ငံလုံးက ကရင်အမျိုးသားတွေ စုစည်းပြီး တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဆန္ဒပြပွဲကျင်းပခဲ့ကြပါတယ်။

ဒီနှစ်မှာလည်း ကရင်ပြည်နယ်ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချင်ချင်းပြ၊ လူမျိုးရေး အဓိကရုဏ်း အလိုမရှိ နဲ့ ပြည်တွင်းစစ်အလိုမရှိ ဆိုတဲ့ ဆိုင်းပုဒ်ကိုင်ဆောင်ပြီး ကရင်လူမျိုး အယောက် ၁၀၀ နီးပါးက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒါ့အပြင် ကရင်လူမျိုးတွေ့ရဲ့ အထင်ကရနေ့တွေကို လွတ်လပ်ပေါ့ပါးစွာ ကျင်းပခွင့်ပြုဖို့နဲ့ တန်းတူအခွင့်အရေးပေးဖို့ တောင်းဆိုထားပါတယ်။ 

၇၂ နှစ်မြောက် ကရင်အမျိုးသားနေ့ကိုတော့ ကရင်လူမျိုးတွေနေထိုင်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ကျင်းပနေပါတယ်။

ဓာတ်ပုံ - Ye Myo Khant / MPA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013