DVB Logo
Home
မြန်မာသတင်း
အရှုံးပေါ်စက်ရုံများအား အမြတ်ပြန်ရအောင်ကြိုးစားသည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်စေလို
DVB
·
February 10, 2020
အရှုံးပေါ်စက်ရုံများအား အမြတ်ပြန်ရအောင်ကြိုးစားသည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်စေလို
Donate to DVB

အရှုံးပေါ်တဲ့ နိုင်ငံပိုင်စက်ရုံတွေကို အမြတ်ပြန်လည်ရရှိအောင် ကြိုးစားပေးခဲ့တဲ့ ဝန်ထမ်းတွေကို တရားဝင်ဂုဏ်ပြုချီးမြှင့်ခွင့်ရအောင် ဆောင်ရွက်ပေးဖို့ လျှပ်စစ်ဒုဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဓာတ်မြေသြဇာစက်ရုံများ လုပ်ငန်းတိုးတက်မှုအခြေအနေနဲ့ ရှေ့ဆက် ဆောင်ရွက်မယ့် အခြေအနေတို့ကို ဒီကနေ့ လွှတ်တော်မှာ ရှင်းလင်းတင်ပြတာမှာ ဒုတိယ ဝန်ကြီးက အခုလို ပြောတာပါ။

“နှစ်စဉ်ငွေကြေးပမာဏ များစွာအရှုံးပေါ်ခဲ့တဲ့ နိုင်ငံပိုင်စက်ရုံနှစ်ရုံဖြစ်ပါတယ်။ ၂၀၁၅-၁၆ မှာ ၃၁ ဒသမ ၆ ဘီလီယံ၊ ၂၀၁၆ -၁၇ မှာ ၂၅ ဘီလီယံ ရှုံးခဲ့တဲ့စက်ရုံနှစ်ရုံကို ခုလို ကိုယ်စွမ်းဉာဏ်စွမ်း စိတ်ဓါတ်ခွန်အားများနဲ့ အားထုတ်ကြိုးပမ်းပြုပြင်ပြီး ယခု ၂၀၁၈-၁၉ မှာ စက်ရုံနှစ်ရုံပေါင်းက ၁၃ ဒသမ ၂ ဘီလီယံ ပြန်လည်အမြတ်ရရှိအောင် ကြိုးစားခဲ့တဲ့ ဝန်ထမ်းတွေကိုလည်း တရားဝင် ဂုဏ်ပြုချီးမြှင့်ခွင့်ရှိတဲ့ အစီအစဉ်မျိုးကို လွှတ်တော်ဘက်က စဉ်းစားဆောင်ရွက်ပေးစေလိုပါတယ်။ ၂၀၁၅-၁၆ အခြေအနေနဲ့ ယှဉ်လိုက်ရင် စက်ရုံနှစ်ရုံက ၄၅ ဘီလီယံခန့် ဝင်ငွေ တိုးတက်ရရှိခဲ့တာဖြစ်ပါတယ် ” လို့ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။

အဆိုပါ စက်ရုံနှစ်ရုံအရှုံးပေါ်နေတဲ့ကာလတွေမှာ စက်ရုံတစ်ရုံချင်းစီကနေ ယူရီးယားတန်ချိန် ၂၀၀ ကနေ ၂၅၀ ခန့်သာ ထုတ်လုပ်နိုင်ခဲ့ပေမယ့် ယခုကြိုးပမ်းဆောင်ရွက်ချက် အရ တစ်နေ့ကို တန် ၃၀၀ ကနေ ၃၅၀ ခန့် ထုတ်လုပ်နေနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ အနာဂတ်မှာ တစ်နေ့ တန် ၄၀၀ ခန့် ထုတ်နိုင်အောင် ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

ဒီလိုနေ့စဉ်ကုန်ထုတ်စွမ်းအား တိုးမြင့်လာစေဖို့ စက်ပစ္စည်းတွေ အသစ်လဲလှယ်ပြုပြင်တာ တွေ လုပ်သွားရမှာဖြစ်ပြီး အမှတ် (၄)ဓါတ်မြေသြဇာ မြောင်းတကာပြုပြင်ဖို့ အမေရိကန်ဒေါ်လာ ၇၇၀၆၀၀၊ အမှတ်(၅)ကန်ကြီးဒေါင့်စက်ရုံ ပြုပြင်ဖို့ အမေရိကန်ဒေါ်လာ ၈၅၅၀၀၀ လိုအပ်မယ်မှာ ဖြစ်တယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။

“ဒီစက်ရုံနှစ်ရုံရဲ့ နေ့စဉ်ကုန်ထုတ်စွမ်းအား ယခုထက်တိုးတက်မြင့်မားလာစေဖို့ စက်ပစ္စည်း တွေ အသစ်လဲလှယ်ပြုပြင်တာတွေ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့ စက်ရုံ နှစ်ရုံစာ စက်ပစ္စည်းအသစ်တွေ ဝယ်ယူရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၃ သန်း(မြန်မာငွေ ၂ ဒသမ ၅)ဘီလီယံခန့် လိုအပ်ပါတယ်။ ၂၀၂၀-၂၁ ဘက်ဂျက်မှာ တင်ပြသွားမှာ ဖြစ်ပြီး ခွင့်ပြုပေးဖို့လည်း ကြိုတင် တင်ပြအပ်ပါတယ် ” လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ် မတ်လမှာ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၅၂ ခုကို လတ်တလောရပ်ဆိုင်းထားသင့်တဲ့ စီမံကိန်းတွေ၊ ပြည်တွင်းပြည်ပမှာ နည်းပညာနဲ့ အရင်းအနှီးတွေဖိတ်ခေါ်ပြီး အကျိုးတူ ဆောင်ရွက်သင့်တဲ့ လုပ်ငန်းတွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့က ကြပ်မတ်ပြီး ဆက်လက်လုပ်ဆောင်သင့်တဲ့ လုပ်ငန်းစီမံကိန်းတွေဆိုပြီး သတ်မှတ်ခဲ့ပါတယ်။

ဒီလိုသတ်မှတ်လိုက်တာမှာ လတ်တလောရပ်ဆိုင်းထားသင့်တဲ့ လုပ်ငန်း စီမံကိန်းတွေ အဖြစ် စက်မှုဝန်ကြီးဌာနက စက်ရုံ ၃၄ ရုံ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက စက်ရုံနှင့် လုပ်ငန်း ၁၀ ခု ပါဝင်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013