DVB Logo
Home
မြန်မာသတင်း
လက်နက်ကိုင်ပဋိပက္ခ မည်သူ့ကိုမျှ ကောင်းကျိုးမပေးဟု ကေအန်ယူ ခေါင်းဆောင်ပြော
DVB
·
February 10, 2020
လက်နက်ကိုင်ပဋိပက္ခ မည်သူ့ကိုမျှ ကောင်းကျိုးမပေးဟု ကေအန်ယူ ခေါင်းဆောင်ပြော
Donate to DVB

လက်နက်ကိုင်ပဋိပက္ခတွေဟာ နိုင်ငံသားတွေကို ကောင်းကျိုးသယ်ပိုးလာနိုင်မှာ မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားလိုက်ပါတယ်။ 

ဖေဖော်ဝါရီ ၁၁ ရက်မှာ ကျရောက်မယ့် ၇၂ ကြိမ်မြောက် ကရင်အမျိုးသားနေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

ကရင်အမျိုးသားတွေရဲ့ နိုင်ငံရေးဆန္ဒနဲ့ ရည်မှန်းချက်တွေ ပြီးပြည့်စုံစေဖို့  ကရင့်လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း၊ ကရင်နိုင်ငံရေးပါတီ၊ လွတ်လပ်သော ကရင့်လူမှုအဖွဲ့အစည်းတွေနဲ့ အဝေးရောက် ကရင်အမျိုးသားတွေနဲ့ လက်တွဲလုပ်ရမယ့် အချိန်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက သဝဏ်လွှာမှာ ပြောပါတယ်။

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကေအန်ယူဦးဆောင်မှုနဲ့ ကရင်အမျိုးသားတွေ နေထိုင်တဲ့ မြို့ရွာအသီးသီးရှိက အမျိုးသားတွေစုရုံးပြီး ကရင်အမျိုးသားအလံကို ကိုင်ဆောင်ကာ အမျိုးသားရေးဆန္ဒကို ထုတ်ဖော်တဲ့နေ့ကို ကရင်အမျိုးသားနေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ်ကျင်းပ လာတာပါ။

မနက်ဖြန်မှာ ကျရောက်မယ့် ၇၂ နှစ်မြောက် ကရင်အမျိုးသားနေ့ကို  ရန်ကုန်မြို့မှာ ကရင်အမျိုးသားတွေချီတက်ပြီး ကမာရွတ်မြို့နယ်က ယုဒဿန်ခန်းမမှာ အခမ်းအနားကျင်းပဖို့ ရှိသလို ကရင်ပြည်နယ် ဘားအံမြို့ နဲ့ ဧရာဝတီတိုင်းတွေ ညမှာလည်း ကျင်းပဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013