စေတုတ္တရာမြို့တွင် အင်အား ၄ ဒသမ ၇ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
February 10, 2020

မကွေးတိုင်း၊ စေတုတ္တရာမြို့ရဲ အနောက်မြောက်ဘက်မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၄ ဒသမ ၇ အဆင့်ရှိ မြေငလျင် လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက် မြန်မာစံတော်ချိန် ၀၁ နာရီ၊ မိနစ် ၄၀၊ ၄၆ စက္ကန့် အချိန်က စစ်တွေမြေငလျင်စခန်းကနေ အရှေ့မြောက်ဘက် ၇၃ မိုင်ခန့် ကွာဝေးတဲ့ စေတုတ္တရာမြို့ရဲ့ အနောက်မြောက် ၂၃ မိုင် ခန့်အကွာ၊ အနက် ၁၄ ကီလိုမီတာခန့်ကို ဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။











