DVB Logo
Home
ကျန်းမာရေး
ဝူဟန်ကိုရိုနာရောဂါကို HIV ဆေးနဲ့ ကုသနိုင်သလား
DVB
·
February 8, 2020
Donate to DVB

ဝူဟန်ကိုရိုနာရောဂါကို HIV ရောဂါသည်တွေကို ကုသပေးနေတဲ့ ဆေးဝါးတွေနဲ့ ကုသလို့ရနိုင်တယ်လို့ သိပ္ပံပညာရှင်တစ်ချို့က ဆိုခဲ့ကြသလို စမ်းသပ်ကုသမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ အတန်အသင့် အောင်မြင်မှုရရှိခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် ခုချိန်ထိတော့ ခိုင်မာမှုမရှိသေးပါဘူး။

ဒါပေမယ့်လည်း ခုချိန်မှာတော့ လူတစ်ချို့ရဲ့ အတွေးတွေထဲမှာ ကိုယ်ခံအား အားနည်းသူတွေမှာ ပိုမိုကူးစက်ဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်ကို ခုံအားကျဆင်းမှုကူးစက်ရောဂါအတွက် အသုံးပြုတဲ့ ဆေးဝါးတွေကို အသုံးပြုရင် ပျောက်ကင်းနိုင်မယ်/ကာကွယ်နိုင်မယ်ဆိုတဲ့ အတွေးမျိုးတွေ ရှိလာနေကြပါတယ်။ ကမ္ဘာကျန်းမာရေးအဖွဲ့ WHO ရဲ့ တာဝန်ရှိသူတွေဟာ ယခုလို စမ်းသပ်မှုတွေကြောင့် တကယ့် HIV ဝေဒနာသည်တွေအတွက် ဆိုးကျိုးတွေဖြစ်လာမှာကို စိုးရိမ်နေကြပြီဖြစ်ပြီး လွဲမှားနေတဲ့ သတင်းတွေကြောင့် သာမာန်လူတွေရော ရောဂါသည်တွေပါ ထိခိုက်နစ်နာမှာကို စိုးရိမ်မိကြောင်း ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့လတုန်းက တရုတ်ပြည် ဝူဟန်မြို့က ဆေးရုံတစ်ရုံမှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို HIV ကာကွယ်ဆေး ၂ မျိုးဖြစ်တဲ့ Lopinavir နဲ့ Ritonavir တို့ကို ပေါင်းစပ်ပြီး ကုသမှုတွေ စမ်းသပ်ပြုလုပ်ခဲ့ပါတယ်။

အဆိုပါစမ်းသပ်မှုတွေဟာ အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်နည်းငယ်ထွက်ပေါ်လာခဲ့ပြီး ဆရာဝန်တစ်ချို့ရဲ့ ပြောဆိုချက်တွေအရ လူနာတစ်ယောက်ဟာ အခြေအနေ အတော်လေး တိုးတက်လာခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါ လူနာကို တုပ်ကွေးဆေးဝါးတွေနဲ့ Lopinavir-Ritonavir ပေါင်းစပ်ဆေးဝါးနဲ့ ရောနှောတိုက်ကျွေးပြီး ကုသခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့အနေနဲ့ တခြားလူနာတွေရဲ့ အခြေအနေတွေကိုတော့ ထုတ်ဖော်ပြောဆိုကြတာမျိုးမရှိကြပါဘူး။

တိကျတဲ့အဖြေမျိုးထွက်မလာသေးပေမယ့် ကမ္ဘာတစ်လွှားမှာတော့ HIV ဆေးတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်တယ်ဆိုတဲ့ သတင်းမှာတွေ ကျယ်ပြန့်လာနေပြီး အဆိုပါဆေးတွေကို ဝယ်ယူဖို့ ကြိုးပမ်းမှုတွေလည်း တိုးတက်လာနေပါတယ်။

ဒါကြောင့်လည်း လူတွေဟာ HIV ဆေးတွေကို ဝယ်ယူဖို့ သိသိသာသာကျိုးပမ်းလာနေပြီး ယခုလို ပြုလုပ်နေတာဟာ အမှန်တကယ် HIV ဆေးဝါးလိုအပ်နေသူတွေအတွက် ဆေးဝါးရရှိမှုအပိုင်းမှာ အခက်တွေ့စရာ အခြေအနေတစ်ရပ်ဖြစ်လာစေနိုင်တယ်လို့ WHO က သတိပေးလိုက်တာဖြစ်ပါတယ်။

WHO ရဲ့ ပြောဆိုချက်အရ ဝူဟန်ကိုရိုနာရောဂါကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ တကယ့်နည်းလမ်းကို လက်ရှိအချိန်မှာ မသိရှိရသေးပဲ ကာကွယ်ခြင်းဟာ အကောင်းဆုံးကုသခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

နောက်ထပ် ကောလဟာလတွေမှာလည်း ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ဟာ HIV ရောဂါပိုးနဲ့ မျိုးဗီဇအားဖြင့် စပ်ဆက်မှုတွေရှိနေတယ်ဆိုတဲ့ သတင်းမှားတွေ ဆက်လက်ထွက်ပေါ်လာနေပြန်ပါတယ်။ WHO ကတော့ ယခုလို မှားယွင်းတဲ့ သတင်းအချက်အလက်တွေကြောင့် လူတွေအကြား နားလည်မှုလွဲမှားကာ ဆိုးရွားတဲ့အမှားတွေ ဆက်လက်ကျုးလွန်မိလာမှာကို စိုးရိမ်မိကြောင်း ပြောဆိုထားပါတယ်။

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်အတွက် ဆေးဝါးတွေကို လက်ရှိအချိန်အထိ စမ်းသပ်နေကြဆဲဖြစ်ပြီးတော့ အမှန်တကယ် ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ ဆေးဝါးမျိုးမရှိသေးပါဘူး။ ကမ္ဘာတစ်လွှားက လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ကောလဟာလတွေ၊ သတင်းမှားတွေနဲ့သတင်းတုတွေ အမြောက်အများ ပျံ့နှံ့နေပြီး အကြောက်တရားက ရောဂါပိုးထက်ပိုမိုဆိုးရွားနေတဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။

WHO ကတော့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကို ကိုယ်ခံအားကောင်းမွန်ပြီး ကျန်းမာအောင်နေထိုင်ခြင်းဖြင့် ကာကွယ်နိုင်တယ်လို့ အတိတလင်း အသိပေးထားပြီး အလွန်အမင်းစိုးရိမ်မှုတွေဟာ ဘေးထွက်ဆိုးကျိုးတွေကိုသာဖြစ်စေလိမ့်မယ်လို့ ထပ်မံသတိပေးစကား ဆိုထားပါတယ်။

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013