DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ဘေးအန္တရာယ်ကျရောက်မှု နှစ်စဉ်ပျမ်းမျှ ၁၀၀ ကျော်တိုးလာ
DVB
·
February 7, 2020
စစ်ကိုင်းတိုင်းတွင် ဘေးအန္တရာယ်ကျရောက်မှု နှစ်စဉ်ပျမ်းမျှ ၁၀၀ ကျော်တိုးလာ
Donate to DVB

စစ်ကိုင်းတိုင်းအတွင်းမှာ လူကြောင့်ဖြစ်တဲ့ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်စတဲ့ ဘေးအန္တရာယ်ဖြစ်ပွားမှုတွေက နှစ်စဉ်တိုးလာနေပြီး တနှစ်ကို ပျမ်းမျှ ၁၀၀ ကျော်ထိ တိုးလာနေတယ်လို့ စစ်ကိုင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။

ဘေးအန္တရာယ်တွေက သဘာဝပတ်ဝန်းကျင်ပျက်စီးတာတွေကြောင့် ဖြစ်လာသလို လူတွေရဲ့ စည်းကမ်းမဲ့မှုတွေကြောင့်လည်းပိုမို ဖြစ်လာနေတာလို့ စစ်ကိုင်းတိုင်းဘေးစီမံဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောပါတယ်။

"သဘာဝကြောင့်ဖြစ်တဲ့ ဘေးကပိုများတယ်။ ပတ်ဝန်းကျင်ပျက်စီးလာတာရဲ့ နောက်ဆက်တွဲပေါ့။ အများဆုံးက လေဘေး။ ပြီးတော့ မိုးကြိုး၊ ငလျင်တွေလည်း တိုးလာတယ်"

စစ်ကိုင်းတိုင်းမှာ ၂၀၁၆-၁၇ ခုနှစ်အတွင်း ဘေးအန္တရာယ်ပေါင်း ၁၂၉ ကြိမ်ရှိခဲ့ပြီး ထူးခြားဖြစ်စဉ်အနေနဲ့ ချင်းတွင်းမြစ် အတွင်း အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်မှု အပါအဝင် လူဦးရေ ၁၇၂ ယောက်သေဆုံးခဲ့ပါတယ်။

အများဆုံးက လေဘေးဖြစ်ပြီး ၅၃ ကြိမ်ရှိခဲ့ကာ ဘေးစီမံဦးစီးဌာနကနေ ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးငွေကျပ်သိန်း ၇၇၁ သိန်းကျော်အပါဝင် ငွေကျပ်သိန်းပေါင်း ၁၈၈၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့ရပါတယ်။

၂၀၁၇-၁၈ ခုနှစ်မှဦလည်း ဘေးအန္တရာယ်ဖြစ်ပွားမှု ၃၅၅ ကြိမ်ရှိခဲ့ပြီး လေဘေး ၁၀၆ ကြိမ်ရှိခဲ့ကာ လူ ၁၈ ဦးသေဆုံးခဲ့သလို ထောက်ပံ့ငွေကျပ်သိန်းပေါင်း ၄၉၄၉ သိန်းကျော်ရှိခဲ့ပါတယ်။

၂၀၁၈-၁၉ ခုနှစ်မှာလည်း ဘေးအန္တရာယ်ကျရောက်မှု ၄၁၂ ကြိမ်ရှိခဲ့ကာ လူ ၃၉ ဦးသေဆုံးခဲ့ပြီး လေဘေးတခုထဲတင် ၁၆၈ ကြိမ်ထိရှိခဲ့ပါတယ်။ ငွေကြေးထောက်ပံ့မှုအနေနဲ့ ၄၉၄၁ သိန်းကျော် ထောက်ပံ့ခဲ့ရပါတယ်။ 

အခုနှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၄ လအတွင်း ဘေးအန္တရာယ်ဖြစ်ပွားမှုအနေနဲ့ ၃၇ ကြိမ်ရှိနေပြီး အဲဒီထဲမှာ မီးလောင်မှုက ၂၃ ကြိမ်နဲ့ အများဆုံးဖြစ်ကာ ကျန်တာတွေက ကမ်းပြိုဘေး၊ မိုးကြိုးဘေးနဲ့ လေဘေးတွေဖြစ်ပါတယ်။ မီးဘေးကြောင့် လူ ၃ ဦး၊ မြေစာပုံပြိုကျလို့ လူ၂ ဦး စုစုပေါင်း ၅ ဦးသေဆုံးပါတယ်။ 

ထောက်ပံ့ငွေအနေနဲ့လည်း ကျပ်သိန်း ၉၀ ကျော်ထောက်ပံ့ပေးအပ်ထားပါတယ်။ လာမယ့် နွေရာသီအတွက်လည်း ကြိုတင်ကာကွယ်မှုအနေနဲ့ အပူရှောင်စခန်းတွေ  ပြင်ဆင်ထားပြီး ငလျင်အသိပညာပေးဟောပြောပွဲ၊ လေဘေးကြိုတင်ကာကွယ်ရေး ဟောပြောပွဲတွေကိုလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒေသတွေကို သွားရောက်ကာ လုပ်ဆောင်သွားမယ်လို့ တိုင်းဘေးစီမံ ညွှန်ကြားရေးမှူးက ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းမှာ မုန်တိုင်းဒဏ်ခံအဆောက်အဦး (Cyclone Shelter) အနေနဲ့လည်း ချင်းတွင်းမြစ်အထက်ပိုင်းဒေသတွေမှာ ၇ လုံးထိ ဆောက်လုပ်ထားပြီး ကင်းတပ်နဲ့ ဖောင်းပြင်မြို့တို့မှာ တည်ဆောက်နေသလို သရောင်းကျေးရွာမှာလည်း တည်ဆောက်နိုင်ရေး တင်ဒါလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ 

ဒါ့အပြင် ဘေးအန္တရာယ်ဖြစ်လာရင် အရေးပေါ်ကူညီထောက်ပံ့တာတွေ လုပ်ဆောင်နိုင်ဖို့ ငွေကျပ်သိန်း ၁၀၀၀နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကိုလည်း စုဆောင်းဖြည့်တင်းထားတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013