DVB Logo
Home
မြန်မာသတင်း
ထား၀ယ်တက္ကသိုလ်အတွင်း ဘွဲ့ယူမည့်သူများ  ဓာတ်ပုံရိုက်ခွင့်ပြန်ရ
DVB
·
February 6, 2020
Donate to DVB

ထား၀ယ်တက္ကသိုလ်ရဲ့ (၁၈) ကြိမ်မြောက်ဘွဲ့နှင်းသဘင်မှာ ကျောင်းပရဝုဏ်အတွင်း စီးပွားရေးအရ ဓာတ်ပုံရိုက်ကူးခြင်းမဟုတ်ရင် ကြိုက်တဲ့ကင်မရာနဲ့ ဓာတ်ပုံရိုက်ခွင့်ပြန်ရပြီလို့ ထား၀ယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဝေယံဟိန်းက ပြောပါတယ်။

တင်ဒါအောင်မြင်တဲ့ ဓာတ်ပုံအဖွဲ့ကလွဲပြီး ကျောင်းပရဝုဏ်အတွင်း/အပြင်မှာ ဘယ်ကင်မရာအမျိုးအစားနဲ့မှ ဓာတ်ပုံကြိုတင်ရိုက်ကူးခြင်း၊ ဗီဒီယိုရိုက်ကူးခြင်းမပြုရလို့ ဖေဖော်ဝါရီ ၅ ရက်နေ့က ကျောင်း၀င်းအတွင်း ထား၀ယ်တက္ကသိုလ် ဓာတ်ပုံနဲ့ ဒီဗွီဒီ တင်ဒါကြီးကြပ်မှုကော်မတီက ဗီနိုင်းပိုစတာ စိုက်ထူ အသိပေးခဲ့ပါတယ်။

အဆိုပါဗီနိုင်းတွေကို ဖေဖော်ဝါရီ ၄ ရက် ညဦးပိုင်းမှာ ဖျက်ဆီးခံရပြီးနောက် ကျောင်းအုပ်ကြီးနဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ဆုံပြီးချိန်မှာ ဓာတ်ပုံရိုက်ခွင့် သဘောတူ ညီချက်ရရှိခဲ့တယ်လို့ ထား၀ယ် တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဝေယံဟိန်းက ပြောပါတယ်။

“ကျောင်းပရဝုဏ်အတွင်းမှာ စီးပွားဖြစ်မဟုတ်ရင် ကြိုက်တဲ့ ကင်မရာနဲ့ရိုက်၊ စီးပွားဖြစ်ဆို တစ်သောင်းခွဲပေးဆောင်ရမယ်။"

ဒါ့အပြင်ကျောင်း၀င်းအတွင်း စီးပွားဖြစ်ကင်မရာသေးနဲ့ရိုက်မယ်ဆိုရင်လည်း ၃၀၀၀ ကျပ် ပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဘွဲနှင်းသဘင်ခန်းမမှာ တင်ဒါအောင်တဲ့သူကသာ ရိုက်ခွင့်ရတယ်ဆိုတာလက်ခံပေမဲ့ ထား၀ယ် တက္ကသိုလ်ကျောင်း၀င်းအတွင်း ကျောင်းသား/ သူတွေ ဓါတ်ပုံရိုက်ကူးမရဘူးဆိုတာ ကျောင်းသား အခွင့်အရေးကို ချိုးဖောက်ရာရောက်တယ်လို့ တက္ကသိုလ်သားတဦးက ပြောပါတယ်။

ထား၀ယ်တက္ကသိုလ်ရဲ့ (၁၈) ကြိမ်မြောက်ဘွဲ့နှင်းသဘင်မှာ ကျောင်းသား၊ကျောင်းသူ ၇၀၀ ဦးကျော် ဘွဲ့ယူကြမယ်လို့ သိရပါတယ်။

သတင်း-တင့်လွင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013