DVB Logo
Home
မြန်မာသတင်း
အနိမ့်ဆုံးလုပ်အားခ ယခုနှစ်မေလအထိ ပြင်ဆင်နိုင်ဖွယ်မရှိသေး
DVB
·
February 6, 2020
အနိမ့်ဆုံးလုပ်အားခ ယခုနှစ်မေလအထိ ပြင်ဆင်နိုင်ဖွယ်မရှိသေး
Donate to DVB

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကလုပ်သားတွေရဲ့ အခြေခံလုပ်အားခကို လာမယ့်မေလအတွင်း ပြင်ဆင်သတ်မှတ် နိုင်ဖွယ်မရှိဘူးလို့ အမျိုးသားအဆင့် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး ကော်မတီဝင် အလုပ်သမားကိုယ်စားလှယ် ဦး၀င်းဇော်က ပြောပါတယ်။

လုပ်သားတွေရဲ့လုပ်ခတိုးမြှင့်သတ်မှတ်တာကို အနည်းဆုံးအခကြေးငွေဥပဒေအရ ၂ နှစ် တကြိမ် ပြင်ဆင်သတ်မှတ်ရမှာဖြစ်ပေမယ့် လက်ရှိချိန်ထိ အမျိုးသားအဆင့်အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးကော်မတီအနေနဲ့ အစည်းဝေးခေါ်ယူတာ မရှိသေးဘူးလို့ သိရပါတယ်။

ဒါပေမယ့် အလုပ်သမားအဖွဲ့စည်းတွေကတော့ အလုပ်သမားတယောက်ရဲ့ လူနေမှုကုန်ကျ စရိတ်ငွေကျပ် ၇၀၀၀ ကနေ ကျပ် ၈၀၀၀ အကြားရှိတယ်လို့ သူတို့ကောက်ခံထားတဲ့ စစ်တမ်းတွေ အရပြောပါတယ်။

တနိုင်ငံလုံးရှိ ပုဂ္ဂလိကလုပ်သားတွေရဲ့တနေ့ ၈ နာရီ အနိမ့်ဆုံးအခြေခံလုပ်ခ သတ်မှတ်ချက်ကို ပထမအကြိမ်မှာ ၃၆၀၀ ကျပ်၊ ဒုတိယအကြိမ်မှာ ၄၈၀၀ ကျပ် အဖြစ် သတ်မှတ်ပေးထားပါတယ်။

 လာမယ့် ၂၀၂၀ ပြည့်နှစ်မေလမှာတော့ ဥပဒေအရ သတ်မှတ်ကာလ ၂ နှစ်ပြည့်မှာ ဖြစ်ပါတယ်။ သတ်မှတ်ချိန်အမီ ပြင်ဆင်သတ်မှတ် မပေးနိုင်ဘူးဆိုရင်တော့ အလုပ်သမားဆန္ဒပြပွဲတွေ များလာနိုင်တယ်လို့လည်း အလုပ်သမားအရေးလှုပ်ရှားသူတွေက  ပြောပါတယ်။

သတင်း- ဇာခြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013