
မုန်းဒိန်ပါ ကျေးရွာဟာ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်က ကျေးရွာဖြစ်ပြီးအိမ်ခြေ ၅၀၀ ကျော်ရှိကာ မူလွန်ကျောင်းဖွင့်လှစ်ထားတဲ့ ကျေးရွာဖြစ်ပါတယ်။
တကျော့ပြန်ကချင်စစ်ပွဲကြောင့် ရွာသားတွေဟာ မန်စီမြို့နဲ့ ဗန်းမော်စစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြရတာ နှစ်နဲ့ချီရှိနေပြီဖြစ်ပါတယ်။
ခုအခါ တိုက်ပွဲတွေသိပ်မရှိတော့လို့ စစ်ရှောင်တချို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေရပ်ပြန်ကြပေမယ့် အများစုက လုံခြုံရေးစိတ်မချရသေးတာကြောင့် စစ်ရှောင်စခန်းတွေမှာပဲ နေထိုင်နေရဆဲဖြစ်ပါတယ်။
၂၀၂၀ မှာ ကချင်စစ်ရှောင်စခန်းတွေကို အစိုးရကပိတ်သိမ်းတော့မယ်ဆိုတာကြောင့် လုံခြုံစိတ်ချစွာ နေရပ်ပြန်လုပ်ကိုင်စားသောက်နေထိုင်နိုင်ဖို့ စစ်ရှောင်တွေက မျှော်လင့်နေပါတယ်။
Photo - Hpauyam La Awng / MPA










