
တိုင်းရင်းသားပါတီတချို့အပါအဝင် နိုင်ငံရေးပါတီ ၉ ပါတီပူးပေါင်းပြီး ညီညွတ်သော နိုင်ငံရေး ပါတီများ မဟာမိတ် (UPPA) ကိုဖွဲ့စည်းလိုက်ပါတယ်။
ဒီလိုဖွဲ့စည်းလိုက်တာဟာ နိုင်ငံရေး နယ်ပယ်အသီးသီးမှာရှိတဲ့ မဟာမိတ်အဖွဲ့အစည်းတွေရဲ့ အမြင်တွေ၊ နိုင်ငံရေးလုပ်ဆောင်ချက်တွေ ပိုမိုအားကောင်းလာစေဖို့ဆိုတဲ့ ယုံကြည်ချက်နဲ့ ဖွဲ့စည်းခဲ့ကြတာလို့ UPPA မဟာမိတ်အဖွဲ့က ဖေဖော်ဝါရီ ၅ ရက် ရန်ကုန်မြို့ရှိ စီတီးစတား ဟိုတယ်မှာပြုလုပ်တဲ့ မိတ်ဆက်ပွဲမှာ ပြောပါတယ်။
မဟာမိတ်အဖွဲ့ထဲမှာ အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ (MPD)၊ ချင်းတိုင်းရင်းသားများပါတီ (CNP)၊ ပြည်သူ့အလုပ်သမားပါတီ စတဲ့ပါတီတွေ ပါဝင်ပါတယ်။











