DVB Logo
Home
မြန်မာသတင်း
အနည်းဆုံးအခကြေးငွေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကိစ္စ လွှတ်တော်ကော်မတီရှင်းလင်း
DVB
·
February 5, 2020
အနည်းဆုံးအခကြေးငွေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကိစ္စ လွှတ်တော်ကော်မတီရှင်းလင်း
Donate to DVB

အလုပ်သမားတွေရဲ့အနိမ့်ဆုံးလုပ်အားခနဲ့ပတ်သက်ပြီး ၂ နှစ်အတွင်း ပြင်ဆင်စရာတွေ ရုတ်တရက်ကြုံလာရင် ပြင်ဆင်နိုင်ဖို့ အနည်းဆုံးအခကြေးကာလ သတ်မှတ်ချက်ပယ်ဖျက်ဖို့ အကြံပြုတာလို့  လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ကပြောပါတယ်။  

၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဇန်နဝါရီ ၃၀ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၈)က အမျိုးသာ းလွှတ်တော်ကိုယ်စားလှယ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်တွင်းပြည်ပအ လုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးက တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ အနည်းအခကြေးငွေကို ၂ နှစ် တစ်ကြိမ် ပြင်ဆင်သတ်မှတ်ရ မယ့်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ပြီး သင့်တော်တဲ့အချိန်မှာ သတ်မှတ်ဖို့ အကြံပြုထားတာပါ။

ကော်မတီဥက္ကဌ ဦးကျော်ထွေးက “အလုပ်သမားတွေဘက်ကတော့ သံသယရှိတာပေါ့လေ။ သူတို့ကတော့ သူတို့ရတဲ့ သတ်မှတ်တဲ့ အနည်းဆုံးအခကြေး ငွေပေါ်မှာ လုံလောက်မှုမရှိဘူးလို့ သူတို့ ခံစားနေရတာရှိတယ်။ ခံစားနေရတဲ့အတွက်ကို နှစ်နှစ် တစ်ကြိမ် ပြင်ဆင်သတ် မှတ်ပြီးတော့ နှစ်နှစ်ပြည့်ရင်တော့ သူတို့ မပြည့်မီတဲ့ဟာတွေတော့ ခံစားခွင့်ရဖို့အတွက် တောင်းဆိုမှုရှိတယ်လို့ပဲ ယူဆနေတာပေါ့။ အဲတော့ တကယ်လို့ ဒီမမျှမတဖြစ်နေတဲ့ လက်ရှိကုန်စျေးနှုန်းက စားသုံးသူစျေးဆနှုန်းတို့  လူနေမှုစရိတ်တို့က ရုတ်တရက်အပြောင်းအလဲကြီးဖြစ်သွားလို့ရှိရင် နှစ်နှစ်ပြည့်တဲ့အထိ ထိုင်စောင့်နေမှာလား၊ ကျနော်တို့က အဲလိုမျိုး ရုတ်တရက်ကြုံလာရင်လည်း ပြောင်းသင့်တဲ့အချိန်ပြောင်းနိုင်အောင် ဆိုပြီးတော့ အချိန်ကာလသတ်မှတ်ချက်ကို ပယ်ဖျက်ဖို့ အဆို ပြုထားတာ ”လို့ ပြောပါတယ်။

အနည်းဆုံးအခကြေးငွေနဲ့ သတ်မှတ်တာနဲ့ပတ်သက်လို့ အဓိကကျတဲ့ အမျိုးသားကော်မတီ ကနေ သမ္မတ၊ ပြည်ထောင်စု အစိုးရအဖွဲ့တို့ကို လေ့လာတွေ့ရှိချက်အစီရင်ခံစာပုံမှန်တင်ပြပြီး ပြင်ဆင်တာက ပိုပြီး အကျိုးသက်ရောက်မှုရှိမယ်လို့လည်း ပြောပါတယ်။

“လေ့လာတွေ့ရှိချက်တွေကို ပြည်ထောင်စုအစိုးရအဖွဲ့ပေါ့၊ နိုင်ငံတော်သမ္မတ ဆီကို ပုံမှန်အစီရင်ခံစာတင်ပြနေပြီးတော့ သမ္မတကနေမှ ပြည်ထောင်စုအစိုးရအဖွဲ့ကနေမှ ပြင်သင့်ပြီဆိုတဲ့အချိန်မှာ ပြင်လိုက်တာက ပိုပြီးတော့ အကျိုးသက်ရောက်မှုရှိပါတယ်။ မဟုတ်ရင် ပုံမှန်တည်ငြိမ်နေတဲ့ အခြေအနေမှာလည်း နှစ်နှစ်ပြည့်ရင် အပြောင်းအလဲလုပ်မယ်၊ မတည်ငြိမ်တဲ့ အခြေအနေဆိုလည်း နှစ်နှစ်ပြည့်အောင် ထိုင်စောင့်နေမယ်ဆိုတာမျိုးကြီးကတော့ လက်ရှိ အခြေအနေအရ မဖြစ်သင့်ဘူး” 

အနည်းဆုံးအခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေကို ဇူလိုင်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

၂၀၁၅ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာ တစ်နေ့အလုပ်ချိန် ၈ နာရီကို ၃၆၀၀ ကျပ်၊ ၂၀၁၈ ခုနှစ် မေလမှာ ၄၈၀၀ ကျပ် ပြင်ဆင်သတ်မှတ်ပေးခဲပြီး ၂၀၂၀ မေလမှာ ပြင်ဆင်သတ်မှတ်ပေးရ တော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013