DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၂ ဦးအပါအဝင် ၈ ဦးကို စောင့်ကြည့်ကုသပေးနေ
DVB
·
February 5, 2020
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၂ ဦးအပါအဝင် ၈ ဦးကို စောင့်ကြည့်ကုသပေးနေ
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၄ ရက်အထိ သံသယလူနာ ၂ ယောက်အပါအဝင် လူနာ ၈ ယောက်ကို ဆေးရုံတွေမှာ စောင့်ကြည့်ကုသပေးနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါစောင့်ကြည့်လူနာတွေကို ရန်ကုန် ဝေဘာဂီ အထူးကုဆေးရုံ၊ လွိုင်ကော်ပြည်သူ့ဆေးရုံ၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၊ နမ္မတူပြည်သူ့ဆေးရုံ၊ မင်းပြားပြည်သူ့ဆေးရုံ၊ နေပြည်တော် ကုတင်(၁၀၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးနဲ့ တောင်ကြီးစဝ်စံထွန်းဆေးရုံကြီးတွေမှာ သီးသန့်ထားရှိ စောင့်ကြည့် ကုသပေးနေတယ်လို့သိရပါတယ်။

 ဒီအထဲမှာ လှိုင်သာယာဆေးရုံကို ကိုယ်တိုင်ကားမောင်းပြီးရောက်ရှိလာတဲ့ အသက် ၃၂  နှစ်အရွယ် တရုတ်နိုင်ငံသား အမျိုးသားတဦးကတော့ ဖေဖော်ဝါရီ ၃ ရက်က ဝေဘာဂီ အထူးကုဆေးရုံကို လွှဲပြောင်းခဲ့ပြီး အဖျားတက်လာလို့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု တွေပြုလုပ်ပေးနေတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံမှာ သံသယလူနာအဖြစ် သတ်မှတ်ပြီး သီးခြားခန်းမှာ ထားရှိကုသပေးနေတဲ့ အသက် ၄၅ နှစ်အရွယ်  မြန်မာနိုင်ငံသား အမျိုးသားတဦးရဲ့ ကျန်းမာရေးအခြေအနေမှာ တိုးတက်နေသလို ရခိုင်ပြည်နယ် မင်းပြားပြည်သူ့ဆေးရုံမှာ သံသယ လူနာအဖြစ် သတ်မှတ်ထားရှိ ကုသမှုခံယူနေတဲ့ အသက် ၃၈ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားရဲ့ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်တယ်လို့ သိရပါတယ်။

အလားတူ ဝူဟန်မြို့မှ ပြန်လည်ရောက်ရှိလာပြီး မန္တလေး ကန်တော်နဒီဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုနေတဲ့ ကျောင်းသား ၅၉ ဦးနဲ့ ဆေးအဖွဲ့ ၃ ဦး၊ ဝေဘာဂီအထူးကဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုနေတဲ့ လေယာဉ်အမှုထမ်း ၅ ဦး၊ နေအိမ်မှာ စောင့်ကြပ် ကြည့်ရှုလျက်ရှိတဲ့ လေယာဉ်မှူးအပါအဝင်  ၄ ဦးတို့လည်း ကျန်းမာနေတယ်လို့သိရပါတယ်။

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၅ ရက်မနက်အထိ သေဆုံးသူ  ၄၉၂ ယောက်ရှိသလို ကုသပျောက်ကင်းသွားသူလည်း ၈၉၂ ယောက် ရှိနေပါပြီ။ တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၄ ရက်တရက်တည်းမှာ သေဆုံးသူ ၆၆ယောက်တိုးလာခဲ့တဲ့အတွက် စုစုပေါင်း သေဆုံးသူ ၄၉၂ ယောက်ရှိလာတာဖြစ်ပြီး ကူးစက်ခံရသူ  ၂၄၅၄၉ ယောက်ရှိတယ်လို့ အတည်ပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013