DVB Logo
Home
မြန်မာသတင်း
ပလက်ဝတွင် ကျောင်းဆရာများနုတ်ထွက်သည့်သတင်း မဟုတ်မှန်ဟု ပညာရေးမှူးပြော
DVB
·
February 4, 2020
ပလက်ဝတွင် ကျောင်းဆရာများနုတ်ထွက်သည့်သတင်း မဟုတ်မှန်ဟု ပညာရေးမှူးပြော
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အေအေအဖွဲ့နဲ့ တပ်မတော်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နယ်မြေလုံခြုံမှုမရှိတဲ့အတွက် ပညာရေးဝန်ထမ်း ၂၀၀ ကျော် နုတ်ထွက်စာ တင်တယ်ဆိုတဲ့သတင်းဟာ သတင်မှားတွေဖြစ်တယ်လို့ ပလက်ဝမြို့နယ် ပညာရေးမှူးက ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ ပညာရေးဝန်ထမ်းအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေသူ ၁၅၀၀ ကျော်ရှိပြီး အဲ့ဒီထဲကနေ ဝန်ထမ်း ၂၀၀ ကျော်ဟာ ပလက်ဝမြို့နယ်ကနေ တခြားမြို့နယ်ကို ရာထူးတိုးနဲ့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ တင်ထားတဲ့ ပညာရေးဝန်ထမ်းအပြင် ပလက်ဝမြို့နယ်မှာ တာဝန်ထမ်းဆောင်တာ သတ်မှတ်ကာလ ပြည့်တာကြောင့် တခြားဒေသကို ပြောင်းရွှေ့ဖို့ တင်ထားကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ပလက်ဝမှာ နုတ်ထွက်စာတင်ထားတဲ့ ပညာရေးဝန်ထမ်းမရှိဘဲ   လုပ်သက်အပြောင်းအရွှေ့ တင်ထားတာပဲ ရှိတယ်လို့ပြောပါတယ်။

ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ်တောင်ပိုင်းအစွန်ဆုံးမှာ တည်ရှိပြီး တောင်ကုန်း တောင်တန်း ထူထပ်တာ မြစ်ချောင်း ပေါများတာကြောင့် သွားလာရခက်ခဲဒေသလည်း ဖြစ်ပါတယ်။

ပလက်ဝမြို့နယ်ထဲမှာ တပ်မတော်နဲ့ အေအေလက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နယ်မြေတည်ငြိမ်မှုမရှိတာလည်းဖြစ်ပါတယ်။

သတင်း- ငြိမ်းသူမင်း (ကလေးမြို့)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013