DVB Logo
Home
မြန်မာသတင်း
ရာဇာစိုး ငွေစုငွေချေး သမဝါယမအသင်းက ငွေထုတ်ပေးမှု ခေတ္တဆိုင်းငံ့ 
DVB
·
February 3, 2020
ရာဇာစိုး ငွေစုငွေချေး သမဝါယမအသင်းက ငွေထုတ်ပေးမှု ခေတ္တဆိုင်းငံ့ 
Donate to DVB

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ရာဇာစိုး ငွေစုငွေချေး သမဝါယမအသင်းက ငွေထုတ်ပေးတာကို ခေတ္တဆိုင်းငံ့လိုက်တဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတဲ့အပေါ် အသင်းသူအသင်းသားတွေ မကျေမနပ်ဖြစ်နေကြပါတယ်။

လက်ရှိအခြေအနေမှာ စုဆောင်းသူတွေက စုငွေ ပြန်လည်ထုတ်ယူတာတွေ များပြားနေပြီး ချေးငွေချေးယူထားသူတွေက ငွေပြန်လည်ပေးဆပ်ဖို့ ပျက်ကွက်တဲ့အတွက် ငွေကြေးလည်ပတ်မှု ရပ်တန့်ခဲ့တယ်လို့ ချမ်းမြသာစည်မြို့နယ် ရာဇာစိုးငွေစုငွေချေး သမဝါယမအသင်းက ဖေဖော်ဝါရီ ၂ ရက်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဘဏ္ဍာထိန်းဖြစ်တဲ့ ဥက္ကဋ္ဌနဲ့လည်း အဆက်အသွယ်မရရှိတာကြောင့် ငွေထုတ်ပေးတာတွေကို ခေတ္တခဏ ဆိုင်းငံ့ထားရတယ်လို့လည်းဆိုပါတယ်။

ခုလိုထုတ်ပြန်ပြီးနောက် ရာဇာစိုး ငွေစုငွေချေး သမဝါယမအသင်းရုံရှေ့မှာ အသင်းသားတွေ လာရောက်ပြီး လူစုလူဝေးဖြစ်ပေါ်နေကြပါတယ်။

ငွေစုထားသူ တဦးက “ကျမတို့ အနေနဲ့ ကျေနပ်စရာမရှိဘူး။ ကျမတို့ ချွေးနည်းစာလေး တွေကို စုထားရတာလေ အခုလို လက်လွတ်စပယ် ထုတ်ပြန်ခဲ့တာက ကျမတို့တွေ ဘယ်အထိ ဒုက္ခ ဖြစ်တယ်ဆိုတာ သိဖို့ကောင်းပါတယ်။ ဒီကိစ္စကို သက်ဆိုင်တဲ့ တာဝန်ရှိတဲ့ လူကြီးတွေ အမြန်ဆုံး ကူညီပေးကြပါ။ အခုလို စုကြတဲ့အထဲမှာ သံဃာတော်တွေလည်းပါတယ်”လို့ ပြောပါတယ်။

ရာဇာစိုး သမဝါယမအသင်းကတော့ အသင်းသားတွေရဲ့အပ်ငွေတွေ ဆုံးရှုံးမှုမရှိစေဖို့အတွက် သမဝါယမဦးစီးဌာနနဲ့ ညှိနှိုင်းပြီး အသင်းပိုင်ဖြစ်တဲ့ အသင်းရုံးအဆောက်အဦ၊ အခြားမြေကွက်(၄)ကွက်၊ လိုက်ထရပ်ယာဉ်တစီး တို့ကို အမြန်ဆုံးရောင်းချပြီး ဖြေရှင်းဆောင်ရွက်သွားဖို့  စီစဉ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ချေးငွေပေးဆပ်ဖို့ ပျက်ကွက်တာ ဝန်ခံကတိလက်မှတ် ထိုးထားသူတွေကိုလည်း အသင်းပိုင်ငွေတွေအမြန်ဆုံး ပြန်လည်ရရှိဖို့ လိုက်လံတောင်းယူပြီး အသင်းသားတွေကို ပြန်လည်ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

အသင်းသားတွေအနေနဲ့ ခေတ္တခဏ သည်းခံပေးဖို့ ရာဇာစိုးငွေစုငွေရေး သမဝါယမအသင်းလီမိတက် ဒါရိုက်တာအဖွဲ့က စောင့်ဆိုင်းပေးဖို့လည်း ပန်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013