DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ် သံသယလူနာလိုက်ပါလာသည့်လေယာဉ် ရန်ကုန်လေဆိပ်မှ ပြန်လည်ထွက်ခွာ
DVB
·
January 31, 2020
ကိုရိုနာဗိုင်းရပ်စ် သံသယလူနာလိုက်ပါလာသည့်လေယာဉ် ရန်ကုန်လေဆိပ်မှ ပြန်လည်ထွက်ခွာ
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်သံသယလူနာလိုက်ပါလာတဲ့ တရုတ်ခရီးသည်တင်လေယာဉ်ပေါ်က ကျန်ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေဟာ ပြည်တွင်းကို ဝင်ရောက်ခြင်းမရှိဘဲ အဆိုပါလေယာဉ်နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒီကနေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်က  ပြန်လည်ထွက်ခွာသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့မနက်က တရုတ်နိုင်ငံ  ကွမ်ကျိုး လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာတဲ့ China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ လေယာဉ် အမျိုးအစား A-319၊ လေယာဉ်အမှတ် B-6208 နဲ့ လိုက်ပါလာတဲ့ တရုတ်နိုင်ငံသား အမျိုးသားခရီးသည်တဦးမှာ ကိုယ်ပူချိန်အနည်းမြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနဲ့ လည်ချောင်းနာခြင်း လက္ခဏာများစစ်ဆေးတွေ့ရှိရလို့  အဆိုပါ ခရီးသည်ကို ဝေဘာဂီအထူးကုဆေးရုံရှိ သီးသန့်ခန်းကို ပို့ဆောင်ထားရှိပြီး စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ထားရှိတာပါ။

အဆိုပါခရီးသည်ထံက ဓာတ်ခွဲနမူနာရယူပြီး 2019 Novel Coronavirus  အဆုတ်ရောင်ရောဂါ ရှိ၊ မရှိ ကို အတည်ပြုနိုင်ရန် ဆောင်ရွက်နေတယ်လို့လည်း ကျန်းမာရေးဌာန သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အဆိုပါ လေယာဉ်နဲ့ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် ၂  ဦးကိုလည်း ကိုယ်ပူ ဖျားနာတဲ့ ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိပေမယ့် ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်းတွင်ထားရှိကာ ရောဂါကူးစက်မှု ရှိ၊ မရှိ စနစ်တကျ စောင့်ကြပ်ကြည့်ရှု နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013