DVB Logo
Home
မြန်မာသတင်း
အလန်းစား အကအလှပြိုင်ပွဲတွေနဲ့ ရှုစားကြရမည့် ဘောလိဝုဒ်ရုပ်ရှင်-Street Dancer(နမူနာ)
DVB
·
January 31, 2020
Donate to DVB

ထူးခြားဆန်းပြားတဲ့ အကအလှပြိုင်ပွဲတွေနဲ့ ရှုစားကြရမယ့် ဘောလိဝုဒ်ရုပ်ရှင်-Street Dancer ကို မြန်မာနိုင်ငံမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။

ဒီကားကိုတော့ အိန္ဒိယအကနည်းပြနဲ့ သရုပ်ဆောင်ဒါရိုက်တာ Remo D'Souza က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး T-Series နဲ့ Remo D'Souza Entertainment ရုပ်ရှင်ထုတ်လုပ်ရေး ၂ ခု ပူးပေါင်းထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ ဘောလိဝုဒ်ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း အကအလှတွေ၊ ဒရာမာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာပါ။ ဇာတ်လမ်းကျောရိုးကတော့ လန်ဒန်မှာ အခြေတည်ထားခဲ့ပြီး မတူညီကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်အကအဖွဲ့ ၂ ဖွဲ့ ထိပ်တိုက်ရင်ဆိုင်ကြရတဲ့ အခြေအနေကို ရှုစားကြရမှာပါ။ 

ဆုကြေးမြင့်မားပြီး ခမ်းနားတဲ့ ပြိုင်ပွဲမတိုင်ခင်မှာလည်း အဲဒီအဖွဲ့ ၂ ဖွဲ့ဟာ အကြိမ်ကြိမ် ပြိုင်ဆိုင်မှုတွေ ရှိခဲ့ကြဖူးပြီး ခုလိုပြိုင်ပွဲကြီးမှာ ပြန်ဆုံရချိန် ဘာတွေဆက်ဖြစ်လာမလဲ၊ ဝင်ပြိုင်ခဲ့ကြရတဲ့ နောက်ကွယ်က အကြောင်းရင်းကရော ဘာတွေဖြစ်မလဲ၊ ဒါတွေကို ပရိသတ်တွေက အလှည့်အပြောင်း ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။

အိန္ဒိယထိပ်တန်းအကဆရာ Remo ဖန်တီးထားတဲ့ ကကွက်တွေနဲ့အတူ ရှုစားကြရမယ့် ဒီကားထဲမှာတော့ နာမည်ကျော်ဘောလိဝုဒ်စတား သရုပ်ဆောင်မင်းသားမင်းသမီး ၂ ဦးဖြစ်ကြတဲ့ Varun Dhawan နဲ့ Shraddha Kapoor တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြပါတယ်။

ဒီရုပ်ရှင်ကားထဲမှာတော့ Sound Tracks ၉ ပုဒ်အထိ ထည့်သွင်းထားခဲ့တာမို့ ပရိ သတ်တွေက သီချင်းတွေ၊ အကအလှတွေနဲ့ တဝကြီး ခံစားကြည့်ရှုကြရမှာပါ။

ဟင်ဒီစကားပြောရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကို Not Rated-NR အဆင့် သတ်မှတ်ထားပြီး ယူကျုဘ်ပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိပါတယ်။

ကြာမြင့်ချိန် ၁၄၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ အိန္ဒိယနိုင်ငံမှာ ဇန်နဝါရီ ၂၄ ရက် နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013