DVB Logo
Home
မြန်မာသတင်း
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ တွေ့ဆုံ
DVB
·
January 30, 2020
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ တွေ့ဆုံ
1 / 4
Donate to DVB

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ဟံသာနဲ့အဖွဲ့ကို နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဧည့်ခန်းမမှာ ဒီနေ့မနက်ပိုင်း တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မွန်ပြည်သစ်ပါတီ NCA လက်မှတ် ရေးထိုးပြီးနောက် လက်ရှိမြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသား အရေး ဦးစားပေးဆောင်ရွက်ဖို့ လိုအပ်ချက်တွေ၊ ၈ ကြိမ် မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်တွေနဲ့အညီ လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တယ်လို့ NRPC က ထုတ်ပြန်ထားပါတယ်။

မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာက NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်မြောက် အခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့တဲ့ မိန့်ခွန်းပါ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမူကို အပြည့်အဝထောက်ခံကြောင်း၊ တိုင်းရင်းသားတွေအနေနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် ယုံကြည်မှုများစွာ မြင့်တက်လာခဲ့ကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ သဘောတူညီချက် မရရှိသေးတဲ့ ကိစ္စရပ်တွေကို ကျော်လွှားဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မွန်ဘာသာသင်ကြားရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ မွန်ပြည်သစ် ပါတီတပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ဒုတိယဥက္ကဋ္ဌ ၁ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယဥက္ကဋ္ဌ ၂ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ၃ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးခင်မောင်တင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ကြပါတယ်။

မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌနဲ့အတူ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေး၊ နိုင်ဗညားလယ်နဲ့ စစ်ဦးစီးချုပ် နိုင်ဗညာမဲ့စန်းတို့ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013