DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့ လေထုညစ်ညမ်းမှုညွှန်းကိန်း  ခရမ်းရောင်အဆင့်အထိမြင့်တက်
DVB
·
January 30, 2020
ရန်ကုန်မြို့ လေထုညစ်ညမ်းမှုညွှန်းကိန်း  ခရမ်းရောင်အဆင့်အထိမြင့်တက်
Donate to DVB

ရန်ကုန်မြို့ရဲ့ ဇန်နဝါရီ ၃၀ ရက်နေ့ မနက် ၉ နာရီအချိန် လေထုညစ်ညမ်းမှုဟာ AQI264 ခရမ်းရောင်အဆင့်အထိ မြင့်တက်နေပြီး ကိုယ့်ကိုယ်ကို အထူးဂရုစိုက်ဖို့လိုအပ်နေတယ်လို့ နေ့စဉ်လေထုတိုင်းတာမှုကို ပြုလုပ်နေတဲ့ Air Quality Yangon အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

လေထုညစ်ညမ်းမှုညွှန်းကိန်းတွေအရ AQI 50 အထိကို လေထုညစ်ညမ်းမှု မရှိလို့ သတ်မှတ်ပြီး AQI 100 အထိကို လက်ခံနိုင်စရာ လေထုအရည်အသွေးအဖြစ် သတ်မှတ်ထားပါတယ်။

AQI 101-150 ထိကိုခံနိုင်ရည်နည်းပါးနေသူတွေကို လေထုညစ်ညမ်းမှု ထိခိုက်နိုင်တဲ့ အဆင့်သတ်မှတ်ထားတာပါ။ 

AQI 151-200 ကြားကို ကျန်းမာရေးကိုထိခိုက်နိုင်တဲ့ အနီရောင့်အဆင့်သတ်မှတ်ထားပြီး ဇန်နဝါရီ ၃ဝ ရက်နေ့ ရန်ကုန်လေထုညစ်ညမ်းမှုဟာ AQI264 ရှိပါတယ်။

ကျန်းမာရေးကိုအလွန်ထိခိုက်စေတဲ့ AQI201-300 ကြားမှာပါဝင်နေတဲ့ပြီး ခရမ်းရောင်အဆင့် အထိ မြင့်တက်နေတဲ့အတွက် အပြင်ထွက်ရင် လေထုညစ်ညမ်းမှုဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ Maskတွေ တပ်ဆင်ဖို့လိုနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013