
ချဲလ်ဆီးကြယ်ပွင့် ကိုးလ်ပါလ်မားက သူ့ကို မန်ယူအသင်းနဲ့ ချိတ်ဆက်နေတဲ့ သတင်းတွေဟာ ရယ်စရာကောင်းပြီး အသင်းကနေ ထွက်ခွာဖို့ အစီအစဉ် မရှိဘူးလို အတည်ပြုလိုက်ပါတယ်။
မန်ချက်စတာဟာ သူ့ရဲ့ ဇာတိမြေဖြစ်ပြီး ငယ်စဉ်က မန်ယူပရိသတ်ဖြစ်ခဲ့ပေမဲ့ လောလောဆယ် လန်ဒန်မှာ အိမ်လွမ်းဝေဒနာ ခံစားနေရတယ်ဆိုတာ မဟုတ်ကြောင်း ငြင်းဆိုခဲ့တာပါ။
အသက် ၂၃ နှစ်အရွယ် ပါလ်မားဟာ ချဲလ်ဆီးနဲ့ ၂၀၃၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး လာမဲ့ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖိုနဲ့ FA Cup ဆီမီးဖိုင်နယ်အတွက်သာ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူနဲ့ အသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်တို့ဟာ အသင်းပိုင်ရှင်တွေနဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့လည်း ဆွေးနွေးနေတယ်လို့ သိရပါတယ်။










