DVB Logo
Home
မြန်မာသတင်း
အကြမ်းစားရိုက်ချက်တွေနဲ့ ရှုစားကြရမည့် ဟောလိဝုဒ်စူပါဟီးရိုးရုပ်ရှင်-Birds of Prey (နမူနာ)
DVB
·
January 30, 2020
Donate to DVB

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ နာမည်ကြီးအမျိုးသမီးစူပါဟီးရိုးရုပ်ရှင်ကား Birds of Prey ကို ဖေဖော်ဝါရီ ၇ ရက်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ တရုတ်-အမေရိကန် ကပြားအမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Cathy Yan က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်ရေးကုမွဏီတ ခုဖြစ်တဲ့ Warner Bros. Pictures ကနေ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။

ဒီကားကတော့ နာမည်ကျော် DC Comics ဇာတ်ကောင်တွေကို အခြေတည်ရိုက် ကူးထားတာ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပြီးဖြစ်တဲ့ Suicide Squad  ရုပ်ရှင်ရဲ့ နောက်ဆက်တွဲရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာပါ။ ဒီကားထဲမှာတော့ အဓိကအမျိုးသမီးဇာတ်ကောင် Harley Quinn ဟာ Joker နဲ့ လမ်းခွဲခဲ့ပြီးနောက် Gotham မြို့ ကြီးထဲမှာ သတ်မိန့်ထုတ်ထားတဲ့ Cassandra Cain ဆိုတဲ့ မိန်းကလေးတယောက်ကို Black Mask ဆိုတဲ့ ဒုစရိုက်ရာဇာကြီးဆီက ကယ်တင်ဖို့အတွက် Huntress ၊ Black Canary ၊ Renee Montoya တို့နဲ့ ပူးပေါင်းပြီး ဘယ်လိုတွေ ကြိုးစားကယ်တင်ကြမလဲ၊ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ မကြာခင်မှာပဲ စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ် ပါတယ်။

ဒီရုပ်ရှင်ကားထဲက အဓိကဇာတ်ကောင် Harley Quinn နေရာမှာတော့ အရင်ရုပ် ရှင် Suicide Squad  ထဲမှာ Harley Quinn အနေနဲ့ ပါဝင်ခဲ့တဲ့ နာမည်ကြီး သရုပ် ဆောင်မင်းသမီး Margot Robbie ကပဲ ပြန်ပြီးတော့ ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အ တူ တခြားသရုပ်ဆောင်တွေေဖြစ်ကြတဲ့ Mary Elizabeth Winstead ၊ Jurnee Smollett-Bell ၊ Rosie Perez ၊ Chris Messina ၊ Ella Jay Basco ၊ Ali Wong ၊ Ewan McGregor စတဲ့ သရုပ်ဆောင်တွေ လည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ်ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြ ကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့် ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

ကြာမြင့်ချိန် ၁၀၉ မိနစ်ရှိတဲ့ ဒီကားကို ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၉၇ ဒဿမ ၁ သန်း အကုန်အကျခံ ရိုက် ကူးထားတာ ဖြစ်ပါတယ်။

 Box Offce မှာတော့ ဒီရုပ်ရှင်ကားကို အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေအမေရိကန်ဒေါ်လာ ၄၉ သန်းကနေ ၅၅ သန်းကြား ရရှိ နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013