DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ် အောင်ချမ်းသာ တိုက်နယ်ဆေးရုံ ဖွင့်လှစ်ခွင့်ပြုရန် ဒေသခံများ တောင်းဆို
DVB
·
January 30, 2020
ဝမ်းတွင်းမြို့နယ် အောင်ချမ်းသာ တိုက်နယ်ဆေးရုံ ဖွင့်လှစ်ခွင့်ပြုရန် ဒေသခံများ တောင်းဆို
Donate to DVB

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် အောင်ချမ်းသာရွာ (ခံဘဲ့ရွာ) မှာ ကျပ်သိန်း ၅၀၀၀ အကုန်အကျခံ တည်ဆောက်ထားတဲ့ ၁၆ ကုတင်အဆင့် တိုက်နယ်ဆေးရုံ ဆောက်လုပ်ပြီးစီး နေပေမယ့် ဖွင့်လှစ်ခွင့်နဲ့ ဝန်ထမ်းရရှိရေး လိုအပ်နေတယ်လို့ ဆေးရုံဖြစ်မြောက်ရေးကော်မတီက ပြောပါတယ်။

တိုက်နယ်ဆေးရုံ ဖြစ်မြောက်ရေးကော်မတီ ဦးစန်းမြင့်က "ဆေးရုံဆောက်တဲ့ ကျပ်သိန်း ၅၀၀၀ ကို ဆရာတော်ဘုရားက ရွာအတွက် လှူဒါန်းပေးတာပါ။ ၁၆ ကုတင်အဆင့် တိုက်နယ်ဆေးရုံ အဆောက်အဦတွေကတော့ ၉၀ ရာနှုန်းလောက်ပြီးနေပါပြီ။ ဝန်ကြီးဌာနနဲ့ အစိုးရဆီ ဆေးရုံဖွင့်လှစ်ခွင့်ရယ်၊ ဆေးရုံဝန်ထမ်း ရရှိရေး လျှောက်ထားတာ ကြာနေပါပြီ။ အခုထိမ ရသေးပါဘူး။ ဒီရွာအနီး ပတ်ဝန်းကျင်ကလူတွေ နေမကောင်းဖြစ်ရင် ဆေးရုံသွားရတာ အခက်အခဲရှိနေလို့ ဆရာတော်က လှူဒါန်းပေးတာပါ၊ အိမ်ထောင်စု ၇၀၀၀ လောက်ကို အကျိုးပြုနိုင်တဲ့ ဆေးရုံပါ" လို့  ပြောပါတယ်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူက "တိုင်းဒေသကြီးလွှတ်တော်ကို မေးခွန်းမေးခဲ့တာတော့ ကြာပြီ။ ဝန်ကြီးချုပ်ဆီလည်း တင်ပြထားပါတယ်။ ပြည်ထောင်စုအဆင့်က စိစစ်ပြီး ကိုက်ညီရင် ချပေးမှာပါ။ ဆေးရုံအဆောက်အဦတွေက ပြီးနေပြီ တော်တော်ကောင်းတယ်ဗျ" လို့ ပြောပါတယ်။

အောင်ချမ်းသာရွာ (ခံဘဲ့ရွာ) အနီးပတ်ဝန်းကျင်က အများပြည်သူတွေ ကျန်းမာရေးအတွက် သွားလာ ရအခက်အခဲရှိနေတာကြောင့် အဘိဓဇမဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ ဇောတိကဓဇ ရွှေသုဝဏ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ သဒ္ဒိယ ဆရာတော်ဘုရားက ကမကထပြုလှူ ဒါန်းတဲ့ ၁၆ ကုတင်အဆင့် တိုက်နယ်ဆေးရုံဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာပါ၊။

မိတ္ထီလာဆေးရုံ၊ ဝမ်းတွင်းဆေးရုံ၊ ပင်းတလဲတိုက်နယ်ဆေးရုံ စတဲ့ ဆေးရုံတွေနဲ့ အလှမ်းကွာဝေးတဲ့ အောင်ချမ်းသာဆေးရုံ ဖွင့်လှစ်ပြီးပါက ကျေးရာအုပ်စု ၁၄အုပ်စု ရွာပေါင်း ၃၇ရွာ အိမ်ထောင်စု ၇ထောင် နဲ့ လူဦးရေ ၃ သောင်းခွဲလောက်ကို အကျိုးပြုနိုင်ပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013