Home
အနုပညာ
မြန်မာ့ရုပ်ရှင်အကယ်ဒမီရွှေကြိုဆန်ကာတင် မောင်မယ် ၈၀ စာရင်းထုတ်ပြန်(ဓာတ်ပုံ)
DVB
·
January 30, 2020
84257772_116989989848882_9166376618246012928_n
83732064_116989413182273_8064950972654288896_n
83333571_116989449848936_7303962194633293824_n
83171290_116989836515564_2228450335649693696_n
80683542_117012406513307_7372508008661647360_o
       မကြာခင်မှာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ  ရွှေကြိုမောင်မယ်တွေအနေနဲ့ ပါဝင်ကြမယ့် လူရွေးချယ်ပွဲကို လတ်တလောပြုလုပ်နေပြီး ဆန်ကာတင်မောင်မယ်အယောက် ၈၀ စာရင်းထွက်ပေါ်လာပြီ ဖြစ်ပါတယ်။        ၂၀၁၉ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲကို ကျင်းပလာခဲ့တာ အခု နှစ်မှာတော့ နှစ် ၁၀၀ ပြည့်အနေနဲ့ ထူးထူးခြားခြား ကျင်းပသွားမှာ ဖြစ်ပါတယ်။        အရင်နှစ်တွေကတော့ ရွှေကြိုမောင်မယ်တွေကို အနုပညာရှင်တွေနဲ့ နီးစပ်ရာ အ သိုင်းအဝိုင်းမှ မျိုးဆက်သစ်တွေကို ရွေးချယ်လေ့ ရှိခဲ့တာပါ။        အခုနှစ်မှာတော့ အကယ်ဒမီရွှေကြိုမောင်မယ်အတွက် လျှောက်ထားသူ ၁၀၀၀ နီးပါးရှိခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာ ဝါရင့်အနုပညာရှင်တွေပါဝင်တဲ့ အကဲဖြတ်ဒိုင်တွေက ရွေးချယ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။        ဒီကနေ့မှာတော့ အဲဒီအယောက် ၈၀ ထဲက နောက်ထပ်ဆန်ခါတင် ၅၀ ကို ဆက် လက်ရွေးချယ်မှာဖြစ်ပြီး နောက်ဆုံးအဆင့်ရွှေကြိုမောင်မယ် ရွေးချယ်မှုကိုတော့ ပရိသတ်တွေက Voting စနစ်နဲ့ မဲပေးရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024