DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရုပ်ရှင်အကယ်ဒမီရွှေကြိုဆန်ကာတင် မောင်မယ် ၈၀ စာရင်းထုတ်ပြန်(ဓာတ်ပုံ)
DVB
·
January 30, 2020
မြန်မာ့ရုပ်ရှင်အကယ်ဒမီရွှေကြိုဆန်ကာတင် မောင်မယ် ၈၀ စာရင်းထုတ်ပြန်(ဓာတ်ပုံ)
1 / 5
Donate to DVB

       မကြာခင်မှာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ  ရွှေကြိုမောင်မယ်တွေအနေနဲ့ ပါဝင်ကြမယ့် လူရွေးချယ်ပွဲကို လတ်တလောပြုလုပ်နေပြီး ဆန်ကာတင်မောင်မယ်အယောက် ၈၀ စာရင်းထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

       ၂၀၁၉ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲကို ကျင်းပလာခဲ့တာ အခု နှစ်မှာတော့ နှစ် ၁၀၀ ပြည့်အနေနဲ့ ထူးထူးခြားခြား ကျင်းပသွားမှာ ဖြစ်ပါတယ်။

       အရင်နှစ်တွေကတော့ ရွှေကြိုမောင်မယ်တွေကို အနုပညာရှင်တွေနဲ့ နီးစပ်ရာ အ သိုင်းအဝိုင်းမှ မျိုးဆက်သစ်တွေကို ရွေးချယ်လေ့ ရှိခဲ့တာပါ။

       အခုနှစ်မှာတော့ အကယ်ဒမီရွှေကြိုမောင်မယ်အတွက် လျှောက်ထားသူ ၁၀၀၀ နီးပါးရှိခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာ ဝါရင့်အနုပညာရှင်တွေပါဝင်တဲ့ အကဲဖြတ်ဒိုင်တွေက ရွေးချယ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

       ဒီကနေ့မှာတော့ အဲဒီအယောက် ၈၀ ထဲက နောက်ထပ်ဆန်ခါတင် ၅၀ ကို ဆက် လက်ရွေးချယ်မှာဖြစ်ပြီး နောက်ဆုံးအဆင့်ရွှေကြိုမောင်မယ် ရွေးချယ်မှုကိုတော့ ပရိသတ်တွေက Voting စနစ်နဲ့ မဲပေးရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013